K- Pop အဖွဲ့တွေကြားမှာ ထိပ်တန်းဖြစ်လာတဲ့ BLACKPINK ရဲ့ Ddu-Du Ddu- Du

BLACKPINK အဖွဲ့ဆိုတာဟာ အခုနှစ်တွေအတွင်း တောင်ကောင်ကိုရီးယား Girl Band တွေထဲက အရမ်းအောင်မြင်နေခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဆိုတာကို K- Pop ချစ်သူတွေအားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ ၂၀၁၉ နှစ်ဦးပိုင်းမှာတုန်းကလည်း BLACKPINK အဖွဲ့သူတွေဟာ သိပ်မကြာခင်မှာ အမေရိကမြောက်ပိုင်း၊ ဥရောပနဲ့ သြစတေးလျ နိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေရှိရာဆီကိုသွားပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမာခံပရိသတ်တွေဟာ […]

နိုင်ငံတကာမှာ Top ဖြစ်နေတဲ့ Ariana Grande ရဲ့ 7 Rings

ချစ်စရာကောင်းတဲ့ ပိုနီတေးလ် ဆံပင်ပုံစံလေးနဲ့ အမြဲလိုလို တွေ့ရတတ်တဲ့ အဆိုတော်မလေး Ariana Grande ဟာ ၂၀၁၈ ဒီဇင်ဘာလထဲမှာတုန်းက Thank U next ဆိုတဲ့ သီချင်းလေးနဲ့ နိုင်ငံအနှံ့အပြားမှာ ၀က်ဝက်ကွဲ အောင်ပွဲခံခဲ့တာကို သီချင်းချစ်သူတွေအားလုံး သိပြီးသား ဖြစ်မှာပါ။ အခုတော့ Ariana အဲဒီ အောင်မြင်မှုတွေကို ဒီ ၂၀၁၉ နှစ်ဦးပိုင်းအထိ ယူဆောင်လာခဲ့ပြန်ပါပြီ။ ဟုတ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ […]

လီဆိုရာ ရဲ့ သီချင်းအသစ် Song Request

အခုခေတ် K-popper တွေကို လီဆိုရာကိုသိလားလို့ မေးကြည့်ရင်တော့ သိတဲ့သူကတော်တော်မှ တော်တော်လေး ရှားပါတယ်။ လီဆိုရာ ကတော့ ballad, jazz သီချင်းအမျိုးအစားတွေကိုပဲ ဆိုလေ့ရှိတဲ့ အဆိုတော်ကြီးတစ်ယောက်ပါ။   View this post on Instagram 2019 첫 작업. First work of the year. — ‪신청곡 (Song Request) ft. Suga‬ […]

နှစ်သစ်မှာ အခွေသစ်ထွက်လာကြတဲ့ Backstreet Boys

AJ McLean, Kevin Richardson, Nick Carter, Brian Littrell နဲ့ Howie Dorough စတဲ့ Backstreet Boys အဖွဲ့သား ၅ ယောက်တို့ဟာ ၂၀၁၉ နှစ်ဦးအစမှာ သူတို့ချစ်တဲ့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ကြတယ်လို့ သိရပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ BSB အဖွဲ့ရယ်လို့ အတိုကောက်ခေါ်ကြတဲ့ Backstreet Boys အဖွဲ့ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့တုန်းက သူတို့ချစ်တဲ့ […]

အသက် ၂၆ နှစ် ပြည့်သွားပြီဖြစ်တဲ့ 2NE1 ရဲ့ အငယ်ဆုံးလေး Minzy

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး girl group တစ်ဖွဲ့ဖြစ်တဲ့ 2NE1 ကိုတော့ လူတော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ အဖွဲ့ဝင် မိန်းကလေး လေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ 2NE1 အဖွဲ့က သူ့ခေတ် သူ့အခါမှာတော့ အတော်လေးကို အောင်မြင်ခဲ့တာပါ။ အခု ၂၀၁၉ မှာတော့ 2NE1 အဖွဲ့ရဲ့ အငယ်ဆုံး အဖွဲ့ဝင်ဖြစ်တဲ့ Minzy ဟာ အသက် ၂၆ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကိတ်လေးကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ […]

ပဲရစ်မြို့ကို ရောက်တုန်းရောက်ခိုက်မှာ မုဒိမ်းမှုနဲ့ ဖမ်းခံလိုက်ရတဲ့ Chris Brown

With You, Forever အစရှိတဲ့ သီချင်းချိုချိုလေးတွေရဲ့ ပိုင်ရှင်ဖြစ်သူ အဆိုတော် Chris Brown နဲ့ ပတ်သက်နေတဲ့ သတင်းဆိုးတစ်ခုဟာ ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက အင်တာနက်ပေါ်က မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ အုံနဲ့ကျင်းနဲ့ဆိုသလို ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ်။ NBC သတင်းဋ္ဌာနရဲ့ ကြေငြာချက်အရ Brown ဟာ Paris Fashion Week မှာ Photo Shooting တွေ ရှိနေတဲ့ အတွက်ကြောင့် […]

Taylor Swift နဲ့ Kim Kardashian တို့ရဲ့ ရန်ငြိုးတွေက အဆုံးသတ်တော့မှာလား…?

နာမည်ကျော် အနုပညာရှင်တွေကလည်း လူတွေထဲက လူတွေပဲမို့ ချစ်တတ်၊ မုန်းတတ်ကြတာ အမှန်ပါ။ အဲဒီတော့ မေတ္တာတရားတွေ၊ အငြိုးအတေးတွေဟာလည်း သူတို့တွေရဲ့ ရင်ထဲမှာ ရှိသင့်သလောက်တော့ ရှိကြမှာ အမှန်ပါပဲ။ အမေရိကန်က ထိပ်တန်း အမျိုးသမီးအဆိုတော် တစ်ယောက်ဖြစ်တဲ့ Taylor Swift နဲ့ နာမည်ကျော် မော်ဒယ်လ်/ တီဗီစတား တစ်ယောက်ဖြစ်တဲ့ Kim Kardashian တို့ဟာလည်း အဲဒီလိုပါပဲ။ သူတို့နှစ်ယောက်ရဲ့ ကြားမှာ ဟိုးအရင်တုန်းက ရန်ငြိုးရန်စတွေ ရှိခဲ့ကြဖူးတယ်လို့ […]

နှလုံးသားလှတဲ့ Justin Timberlake

နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Justin Timberlake ဟာ သီချင်းဆိုကောင်းသလောက် ပရဟိတစိတ်ဓာတ်လည်း ထက်သန်သူ တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အချိန်ရရင် ရသလို ကလေးလေးတွေ ရှိတတ်တဲ့ ကျောင်းလေးတွေ၊ ဆေးရုံတွေကို သွားရောက်လည်ပတ်တတ်ပြီး ကလေးလေးတွေကို အားပေးတတ်လို့ပဲ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Justin Timberlake ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း San Antonio မှာရှိတဲ့ Methodist […]

တင်လှုပ်အကတွေကို မူးခါနေအောင် မြင်ရမယ့် Cardi B နဲ့ City Girls တို့ရဲ့ Music Video အသစ်

၂၀၁၈ တစ်နှစ်လုံးမှာ ဂီတ အနုပညာနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေကို ဆင့်ကဲဆင့်ကဲ ရရှိခဲ့သလောက်… ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ ရန်ပွဲတွေ၊ အိမ်ထောင်ရေး အရှုပ်အထွေးတွေ များခဲ့ရတဲ့ နာမည်ကျော် အမျိုးသမီး Rapper ကို ပြပါဆိုရင် Cardi B ကိုပဲ လက်ညှိုးထိုးပြီး ပြရမှာ အမှန်ပါ။ ဒါပေမဲ့လည်း လသားအရွယ် သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ ၂၅ နှစ်အရွယ် Cardi ရဲ့ စန်းနဲ့ အောင်မြင်မှုတွေက […]

BTS နဲ့ ပတ်ဘိုဂန်တို့ရဲ့ ကြော်ငြာအသစ်

ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကိုကာကိုလာကုမ္ပဏီကနေ ကြော်ငြာအသစ်တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။ ကြော်ငြာထဲမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချော ပတ်ဘိုဂန်က ပါဝင်သရုပ်ဆောင်ထားပေးပါတယ်။ ဒီအပြင့်ကို BTS ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ဖြစ်တဲ့ Love Yourself:Answer အယ်လ်ဘမ်ထဲက Love Myself:Answer သီချင်းကို နောက်ခံတေးဂီတ အနေနဲ့ ထည့်သွင်း အသုံးပြုထားတာကို တွေ့ရပါတယ်။ ကြော်ငြာမှာတော့ ပတ်ဘိုဂန်နဲ့ တခြားသရုပ်ဆောင်တွေက စွန်လေးတွေကို လွှတ်တင်နေတဲ့ ပုံစံမျိုးလေး ရိုက်ထားတာပါ။ စွန်လေးတွေမှာလည်း BTS […]