Day: January 10, 2018

‘The Greatest Showman’ ထဲကသီချင်းနဲ့ Billboard Hot 100 စာရင်းထဲ ပထမဆုံးအကြိမ်ဝင်ရောက်သွားတဲ့ Hugh Jackman

Wolverine မင်းသားကြီး Hugh Jackman ကတော့ သူ့ရဲ့တစ်သက်တာမှာ ပထမဆုံးအကြိမ် Billboard ရဲ့ Hot 100 စာရင်းထဲရောက်ဖူးသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့ ၇၅ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူပါဝင်ထားတဲ့ ‘The Greatest Showman’ ဇာတ်ကားဟာ Best Original Song ဆုကို ‘This is me’ သီချင်းနဲ့ရရှိခဲ့ပြီးနောက်မှာ အဲဒီဇာတ်ကားထဲက ဇာတ်ဝင်သီချင်းတွေတော်တော်များများကို လူတွေနားထောင်နှုန်းမြင့်တက်သွားပါတယ်။ အဲဒါကြောင့် သူပါဝင်သီဆိုထားတဲ့ ‘The […]

အသက် ၃၆ နှစ်အရွယ်မှာ ကြွေလွင့်သွားခဲ့တဲ့ Babymetal အဖွဲ့က ဂီတာသမား Fujioka Mikio

ကမ္ဘာကျော် Babymetal အဖွဲ့ရဲ့ရှိုးပွဲတိုင်းမှာ လိုက်လံတီးခတ်ပေးတဲ့ KamiBand ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Fujioka Mikio ဟာ သူချစ်တဲ့ဂီတာကိုချန်ရစ်ထားခဲ့ပြီး သူ့ပရိသတ်တွေကိုကျောခိုင်းသွားခဲ့ပါပြီ။ ‘Ko-Gami’ (Little God) လို့ချစ်စနှိုးခေါ်ကြတဲ့ Fujioka ဟာ မျက်မှောက်ခေတ်ဂီတလောကထဲက အတော်ဆုံးဂီတာပညာရှင်တွေထဲကတစ်ယောက်လို့ဆိုရင် ပိုမယ်လို့မထင်မိပါဘူး။ Babymetal အဖွဲ့ကို သာမန် idol အဖွဲ့တစ်ခုအဆင့်ကနေ ကမ္ဘာတစ်ဝန်းက Metal ချစ်သူတွေ လက်ခံအားပေးလာတဲ့အထိ သူ့ရဲ့ဂီတာလက်စွမ်းတွေနဲ့ ပံ့ပိုးပေးခဲ့နိုင်တယ်ဆိုတာဟာ သာမန်စွမ်းဆောင်မှုမျိုးမဟုတ်ပါဘူး။ အဲဒီလိုအထင်ကရဂီတပညာရှင်တစ်ဦးကြွေလွင့်သွားတယ်ဆိုတဲ့သတင်းဟာ ကမ္ဘာတစ်ဝန်းက ဂီတချစ်သူတွေကို […]