2018 Billboard Icon Award ဆုကိုဆွတ်ခူးခဲ့တဲ့ Janet Jackson

မေလ ၂၁ ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ Billboard Music Award ဆုပေးပွဲကြီးမှာ Janet Jackson တစ်ယောက်ကတော့ ထူးထူးခြားခြားဆုတစ်ခုဖြစ်တဲ့ Billboard Icon Award ကိုလက်ခံရရှိခဲ့ပါတယ်။

ဒီဆုဟာ ၂၀၁၁ ခုနှစ်မှစတင်ပေးအပ်ခဲ့တဲ့ ဆုအမျိုးအစားဖြစ်ပြီး အနုပညာရှင်တွေရဲ့ အောင်မြင်မှုနဲ့ သူတို့အနေနဲ့ ဂီတအပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုမျိုးရှိအောင်လုပ်ဆောင်ခဲ့သလဲဆိုတာကိုကြည့်ပြီးမှ ပေးတဲ့ဆုဖြစ်ပါတယ်။ Janet Jackson ဟာ ပထမဆုံး Billboard Icon Award ကို လက်ခံရရှိခဲ့တဲ့ လူမည်းအမျိုးသမီးတစ်ဉီးဖြစ်ပါတယ်။

အဲ့ဒီဆုကိုလက်ခံရရှိသူတွေဟာ ဆုပေးပွဲနေ့မှာလည်း ဖျော်ဖြေဖို့သတ်မှတ်ထားတာဖြစ်လို့ ဖန်သားပြင်တွေပေါ်က ကိုးနှစ်ကျော်ကြာအောင်ပျောက်နေတဲ့ Janet Jackson တစ်ယောက်ကို စင်ပေါ်မှာပြန်တွေ့ခဲ့ကြရပါတယ်။ သူမအနေနဲ့ “Nasty”, “If” နဲ့ “Throb” ဆိုတဲ့သီချင်းသုံးပုဒ်ကို ဖျော်ဖြေခဲ့ပြီး စိတ်အားတက်ကြွစေမယ့် ကျေးဇူးတင်စကားကိုလဲ ပြောကြားခဲ့ပါသေးတယ်။

Congratulations ပါ Janet ရေ……

ဒီဆုဟာ သူမရဲ့ဘဝမှာအမှတ်တရမှတ်ကျောက်တစ်ခုလိုဖြစ်နေမှာပါ။ သိပ်မကြာခင်သေးခင်ကမှ ၂၅နှစ်ပြည့်သွားခဲ့တဲ့သူမရဲ့ Janet ဆိုတဲ့ album အပါအဝင် Billboard မဂ္ဂဇင်းမှာ cover image အနေနဲ့ ပါဝင်ခဲ့တာရော ၂၅ နှစ်ပြည့် အမှတ်တရတွေစုနေလို့ပေါ့။

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ Janet Jackson ဟာ ၈၀ ခုနှစ်လောက်ကတည်းက နာမည်ကျော်ကြားခဲ့တာဖြစ်ပြီး အခုချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ legend ကြီးတစ်ယောက်ပါ။ သူ့ရဲ့ Billboard Music Award ပွဲမှာ လုံးဝအလန်းစားအကတွေနဲ့ ပရိသတ်တွေပါ လိုက်ပါစီးမျောအောင် ဖျော်ဖြေပြခဲ့တာကိုကြည့်ခြင်းအားဖြင့် ဆက်ပြီးတော့လဲ အောင်မြင်မှုသရဖူကိုဆောင်းနေဉီးမှာပါလားလို့ အတွေးဝင်မိပါတော့တယ်……

 

 

Leave a Reply

Your email address will not be published. Required fields are marked *