Bruno Mars ရဲ့ 24K Magic World Tour မှာ ပါဝင်ဖျော်ဖြေမယ့် Cardi B !!

ကဲ ဒီတစ်ခါတော့ Grammy များဆုပိုင်ရှင်ဖြစ်တဲ့ Bruno Mars ရဲ့ လက်ရှိလုပ်နေဆဲဖြစ်တဲ့  24K Magic World Tour အကြောင်းလေးပြောကြည့်ရအောင်လား… ခေတ်သစ်မိုက်ကယ်လ်ဂျက်ဆင်လို့တောင်အခေါ်ခံနေရတဲ့ Bruno ဟာ အဆိုအတီးသာပိုင်နိုင်ရုံမက အကမှာလဲ ဆရာတစ်ဆူဖြစ်ပါတယ်။

၂၀၁၆ မှာထုတ်ခဲ့တဲ့ သူ့ရဲ့ 24K Magic Album အတွက် ထွက်နေတဲ့ Tour မှာ ဒီရက်ပိုင်းအတွင်းနာမည်ကြီးလာတဲ့ Cardi B နဲ့ သူ့ရဲ့ World Tour အဆုံးသတ်ပိုင်းမှာ အတူတူဖျော်ဖြေသွားမှာဖြစ်ကြောင်း သူ့ရဲ့ social media account တွေကနေတဆင့် အသိပေးကြေညာခဲ့တာပါ။

The Finale. ?? #24kmagicworldtour

A post shared by Bruno Mars (@brunomars) on

ဒီရက်ပိုင်းမှာပဲ ကျင်းပပြီးစီးခဲ့တဲ့ Grammy ဆုပေးပွဲကို ကြည့်ခဲ့မိသူတွေကတော့ Cardi B ကို သိကြမယ်ထင်ပါတယ်။ Bruno Mars လိုဆရာကြီးနဲ့တောင် ယှဉ်တွဲပြီး လိုက်ဖက်ညီညီနဲ့ ဖျော်ဖြေနိုင်ခဲ့တဲ့ Rapper မလေး Cardi B ကလဲ ခေသူမဟုတ်ပါဘူးနော်။ ၂၀၁၅ ခုနှစ်မှာ မထင်မရှားရုပ်သံစီးရီးမှာ ပါဝင်သရုပ်ဆောင်နေခဲ့ရာက ၂၀၁၇ ခုနှစ်မှာ Cardi B ဆိုပြီး တဟုန်ထိုးနာမည်ကြီး အဆိုတော်ဖြစ်လာသူတစ်ဦးပါ။ ဆုတော့ မရခဲ့ပေမယ့် Grammy Nomination မှာ တစ်နှစ်တည်းနဲ့ ပါနိုင်ခဲ့တယ်ဆိုတာ နဲနဲနောနောအရည်အချင်းမှ မဟုတ်တာနော်။


အခုတော့ သူတို့အတွဲညီညီနဲ့ ဖျော်ဖြေကြမှာကို ကြေညာလိုက်တာနဲ့ သူတို့ရဲ့ ပရိသတ်တွေက သိပ်ကိုမျှော်လင့်တကြီးတဲ့ စောင့်စားနေကြပါပြီ။ 24K Magic World Tour အဆုံးသတ်အပိုင်းဖြစ်တာနဲ့အမျှ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုတာမျိုး ရေကုန်ရေခမ်း ဖျော်ဖြေကြမယ့် သူတို့ရဲ့ တင်ဆက်မှုတွေကို စောင့်ကြည့်ကြရမှာပါ။ အောက်ကပုံလေးကတော့ Cardi B account မှာတင်ထားတဲ့ပုံဖြစ်ပြီး မထင်မှတ်ပဲဖြစ်နေတဲ့ Bruno မှင်စာလေးကြောင့် ဟားနေကြရတဲ့ comment တွေကိုတွေ့မှာပါ။

Ooo yeaaaa Baby we performing at the GRAMMYS !!!!! @brunomars !!!!!!!!

A post shared by Cardi B Official IG (@iamcardib) on

World Tour finale ticket တွေကို ဖေဖော်ဝါရီလ ၁၆ရက်နေ့ကနေ စတင်ပြီးရောင်းချသွားမှာဖြစ်တယ်လို့လဲ Bruno account မှာကြေညာထားပါတယ်။ ပွဲကျင်းပသွားမယ့်နေရာတွေနဲ့ပတ်သက်ပြီး အသေးစိတ်သတင်းအချက်အလက်တွေကိုတော့ အတိအကျမထုတ်ပြန်ထားပါဘူး။ ဒါပေမယ့် လတ်တလော Grammy ၆ဆုပိုက်ထားတဲ့ Bruno ကတော့ အမေရိကားမှာတော့ ပွဲတွေကိုပိုပြီး ချဲ့လုပ်သွားဖို့ရှိပုံရပါတယ်နော်။

ကဲ 24K Magic ပိုင်ရှင်ကြီးရဲ့ မျက်လှည့်တွေ ကိုယ်တွေကို ဘယ်လိုတောင်လှည့်နိုင်မှာလဲဆိုတာကို မြန်မာပြည်အနေနဲ့ ဖန်သားပြင်ပေါ်ကနေပဲ စောင့်စားကြည့်ရမှာဖြစ်ပေမယ့်လဲ အမြဲတမ်းအားပေးနေပါတယ်လို့…..

 

Leave a Reply

Your email address will not be published. Required fields are marked *