အသက် ၂၆ နှစ် ပြည့်သွားပြီဖြစ်တဲ့ 2NE1 ရဲ့ အငယ်ဆုံးလေး Minzy

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး girl group တစ်ဖွဲ့ဖြစ်တဲ့ 2NE1 ကိုတော့ လူတော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ အဖွဲ့ဝင် မိန်းကလေး လေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ 2NE1 အဖွဲ့က သူ့ခေတ် သူ့အခါမှာတော့ အတော်လေးကို အောင်မြင်ခဲ့တာပါ။

အခု ၂၀၁၉ မှာတော့ 2NE1 အဖွဲ့ရဲ့ အငယ်ဆုံး အဖွဲ့ဝင်ဖြစ်တဲ့ Minzy ဟာ အသက် ၂၆ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကိတ်လေးကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ ပုံလေးတင်ခဲ့ပါတယ်။ အဲ့ဒီပုံအောက်မှာဆိုရင်လည်း သူ့ရဲ့ အဖွဲ့ဝင်အမတွေ ဖြစ်ကြတဲ့ CL နဲ့ Dara တို့ကလည်း ဝိုင်းဝန်းပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။

 

 

Minzy ဟာ ၂၀၀၉မှာ 2NE1 အဖွဲ့နဲ့အတူ Debut စတင်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာမွေးတဲ့သူဖြစ်တာကြောင့် အဲ့ဒီ့တုန်းက Minzy တစ်ယောက် အသက် ၁၅ နှစ်ပဲ ရှိသေးတာပါ။ ၂၀၁၆ ခုနှစ်အရောက်မှာတော့ YG Entertainment နဲ့ စာချုပ်ကုန်သွားတဲ့အချိန်မှာ Minzy တစ်ယောက် စာချုပ်ထပ်မချုပ်တော့ပဲနဲ့ 2NE1 အဖွဲ့ထဲက နုတ်ထွက်ခဲ့ပါတယ်။ Minzy နုတ်ထွက်ပြီး ဘယ်လောက်မှ မကြာတဲ့ အချိန်မှာ 2NE1 အဖွဲ့ကို Disband လုပ်ခဲ့ပါတယ်။ အခုဆိုရင် 2NE1 အဖွဲ့ဝင် အားလုံးက ကိုယ်စီကိုယ်စီ အနုပညာလမ်းတွေကို ဆက်လက်လုပ်ဆောင်နေကြတုန်းပါပဲ။

 

Leave a Reply

Your email address will not be published. Required fields are marked *