‘Pyeongchang Headliner Show’ မှာ အဖွဲ့သားတွေအားလုံး ပြန်လည်တွေ့ဆုံခဲ့ကြတဲ့ 2PM

တောင်ကိုရီးယားနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့ Pyeongchang Winter Olympic ပွဲတော်ကြီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Pyeongchang Headliner Show မှာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ 2PM အဖွဲ့သားတွေအားလုံး စုံညီစွာတက်ရောက်ဖျော်ဖြေခဲ့ပါတယ်။ 2PM ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Rapper အဆိုတော်လေး Taecyeon ဟာ လက်ထောက်နည်းပြအဖြစ် ကိုရီးယားတပ်မတော်ရဲ့တပ်ခွဲ (၉) မှာ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေရပါတယ်။

A post shared by Ok Taecyeon (@otaecyeonk) on

Taecyeon ဟာ Pyeongchang ပွဲအတွက် Gangnueng Art Center မှာ Host အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဒီသတင်းကိုကြားသိကြတဲ့ 2PM အဖွဲ့သားတွေက Taecyeon ရဲ့ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ လာရောက်ပူးပေါင်းပြီးဖျော်ဖြေပေးခဲ့ကြပါတယ်။ သူတို့တွေအားလုံးဟာ အဖွဲ့ဝင်တွေပြန်လည်ဆုံစည်းရလို့အရမ်းကိုပျော်ရွှင်နေခဲ့ကြပြီး သူတို့ရဲ့ Instagram မှာပုံလေးတွေတင်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jun.K ကတော့လာရောက်နိုင်ခြင်းမရှိခဲ့ပါဘူးရှင့်။

သူတို့အားလုံးဟာအနုပညာကြေးတွေမရကြပေမယ့် သူတို့တွေရဲ့ အားပေးထောက်ပံ့ပေးမှုတွေက Pyeongchang ပွဲမှာ လာရောက်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေအတွက် အားဖြစ်စေတယ်ဆိုရင် သူတို့အရမ်းပျော်ပါတယ်၊ Taecyeon နဲ့အတူ National Event မှာပါဝင်ခွင့်ရတဲ့အတွက်အလွန့်အလွန်ကိုပျော်ရွှင်ရပါတယ် ဆိုပြီးပြောထားကြပါတယ်။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *