၂၀၁၉ မှာ စစ်မှုထမ်းဆောင်ရတော့မယ့် Kpop အဆိုတော်များ

စစ်မှုထမ်းပုံစံ ပြောင်းလဲသွားခဲ့တဲ့ ( အမြင့်ဆုံးအသက် ၃၀နှစ်ကနေ ၂၈နှစ်ထိ ပြောင်းလဲ ) လာမယ့် ၂၀၁၉ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံတော်အတွက် စစ်မှုထမ်းဆောင်ပေးရတော့မယ့် Kpop အမျိုးသား အဆိုတော်တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်နော်။

 

Seungri ( BIGBANG)

 

 

လက်ရှိမှာတော့ BIGBANG အဖွဲ့သား ၅ယောက်ထဲကမှ ၄ယောက်က စစ်မှုထမ်းဆောင်နေရပြီး လာမယ့် ၂၀၁၉ခုနှစ်မှာတော့ အဖွဲ့သားတွေထဲက အငယ်ဆုံး အထွေးဆုံးလေး Seungri က စစ်မှုထမ်းဆောင်ရတော့မှာဖြစ်လို့ ၂၀၁၉  ခုနှစ်က BIGBANG Fan တွေအတွက် လွမ်းစရာအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်နေမှာ သေချာပါတယ်။

Xiumin ( EXO )

 

 

EXO ရဲ့ အသက်အကြီးဆုံး မန်ဘာဝင် Xiumin ကတော့ ၂၀၁၉ခုနှစ်မှာ ပထမဆုံး စစ်မှုထမ်းတာဝန် ထမ်းဆောင်ရတော့မယ့် EXO အဖွဲ့သားတစ်ယောက် ဖြစ်လာပါတော့မယ်။

Yang Yoseob ( Highlight )

 

 

ပြီးခဲ့တဲ့နှစ်ကတော့ Highlight အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ Yoon Doojoon က စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ရပြီး လာမယ့်နှစ်မှာ နောက်ထပ် Highlight အဖွဲ့သား Yang Yoseob က ထပ်မံစစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ Yang Yoseob ကတော့ လာမယ့် ၂၀၁၉ခုနှစ်  ဇန်နဝါရီလ ၂၄ရက်နေ့မှာတော့ ရဲတပ်သားအဖြစ် စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ရမှာပါ။

Junho ( 2PM )

 

 

2PM အဖွဲ့နဲ့ တေးဂီတလောကမှာ အောင်မြင်ရုံသာမကပဲ Chief Kim , Just Between Lovers နဲ့ Wok of Love ဇာတ်လမ်းတွဲတွေမှာပါ သရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်ခဲ့သူလေး Junho ဟာလည်း လာမယ့်နှစ်မှာ စစ်မှုထမ်းဆောင်ရတော့မှာဖြစ်ပေမယ့်လည်း Information အပြည့်အစုံကတော့ မထွက်ပေါ်သေးပါဘူး။

Chansung ( 2PM )

 

 

နောက်ထပ် 2PM မန်ဘာတစ်ယောက်ဖြစ်သူ Chansung ကလည်း နောက်နှစ်မှာပဲ Junho နဲ့အတူ စစ်မှုထမ်းရတော့မှာပါ။ သူလည်း ဘယ်တာဝန်နဲ့ ဘယ်အချိန်မှာ စစ်မှုထမ်းဆောင်ရမလဲဆိုတာကိုတော့ အသေးစိတ်မထုတ်ပြန်ရသေးပါဘူး။

 

source – https://www.soompi.com

Leave a Reply

Your email address will not be published. Required fields are marked *