ပရိသတ်တွေအတွက် Justin Bieber ဆီက Message လေး တစ်စောင်

justin bieber

၁၉၉၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ကနေဒါနိုင်ငံသားအဆိုတော် Justin Bieber ဟာ ၁၃နှစ်သား အရွယ်လောက်ဖြစ်တဲ့ ၂၀၀၇ ခုနှစ်လောက်ကတည်းက သီချင်းတွေ ဆိုခဲ့တာပါ။ ငယ်ငယ်က သူဆိုခဲ့တဲ့ Baby ဆိုတဲ့ သီချင်းဟာ တစ်ကမ္ဘာလုံးက သီချင်းချစ်သူတွေရဲ့နှုတ်ဖျားမှာ ရေပန်းစားခဲ့တဲ့အထိ အောင်မြင်ခဲ့ဖူးသလို အခုလက်ရှိကာလမှာလည်း ငယ်ငယ်တုန်းကလိုပဲ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ ရှားရှားပါးပါး အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ (တချို့ဟာ ငယ်ငယ်က အောင်မြင်တတ်ကြပေမယ့် ကြီးပြင်းလာတဲ့အခါ ဘယ်ချောင်ကပ်သွားမှန်းမသိအောင် မြုပ်သွားတတ်ကြတာကိုး။)

Source: kgmi.com

Bieber ဟာ အခုလက်ရှိကာလမှာတော့ အသက် ၂၄နှစ် ပြည့်ပြီးသွားပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာတစ်ဝှမ်းက သီချင်းချစ်သူတွေရဲ့စိတ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် သူ့ရဲ့အဆိုတော်သက်တမ်းတစ်လျှောက်မှာ ဂရမ်မီဆုအပါအဝင် တခြားဆုအမျိုးမျိုးကို ရရှိခဲ့ဖူးတဲ့အထိ အောင်မြင်မှုတွေ အလီလီရရှိခဲ့သူလည်း ဖြစ်ပါတယ်။

justin biber
Source: rap-up.com

တစ်ဖက်မှာ သောင်ထွန်းရင် တစ်ဖက်မှာ ကမ်းပြိုတတ်မြဲ ထုံးစံတစ်ခုလိုကြောင့်လားတော့ မသိပါဘူး။ ဒါမှမဟုတ်ရင်လည်း သိပ်မရင့်ကျက်သေးတာကြောင့်များလားတော့ မသိ။ Bieber ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်သလောက် တခြားနေရာတွေမှာတော့ လူငယ်ပီပီ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ သတင်းလေးတွေကို ရံဖန်ရံခါဆိုသလို မြင်ရ ကြားရတတ်ပါတယ်။ ပြီးတော့ နာမည်ကျော်မိန်းကလေးတွေနဲ့ ချစ်မှုရေးရာ ကိစ္စလေးတွေမှာရောပေါ့။ အထူးသဖြင့် ဟောလီးဝုဒ်ရဲ့ အကျော်အမော် မင်းသမီးတစ်လက်ဖြစ်သလို အဆိုကျော်တစ်ယောက်လည်းဖြစ်တဲ့ Selena Gomez နဲ့ ပတ်သတ်ပြီးတော့ပေါ့။

Justin-Bieber-Selena-Gomez-Holding-Hands-Pictures
Source: popsugar.com

Selena နဲ့ Bieber တို့ဟာ အားလုံးသိပြီးသား ဖြစ်ကြတဲ့အတိုင်း ဆယ်ကျော်သက်အရွယ် ငယ်ငယ်ကလေးတည်းက အတွဲခုတ်လာကြတဲ့ ဟောလီးဝုဒ်က ရှားပါးစုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ သူတို့စတွဲခဲ့ကြတာ ၂၀၁၀ လောက်ကတည်းကပါ။ ဒါပေမဲ့ ၂၀၁၂ မှာ လမ်းခွဲခဲ့ကြပြီး ၂၀၁၃ မှာ ပြန်တွဲကြရော။ ဟော… အဲဒီနောက်ပိုင်းမှာ ပြန်ပြတ်ကြ၊ ၂၀၁၃၊ ၁၄၊ ၁၅ စတဲ့ နှစ်တွေကနေ ခုနှစ်ပိုင်းတွေအထိ ပြန်တွဲကြသလိုလို တကယ်ပဲ စိတ်ကုန်သွားကြသလိုလို ခဏခဏ လုပ်နိုင်လွန်းအားကြီးတဲ့ စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။

*****

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့တုန်းက American နိုင်ငံ, New York မြို့မှာ Met Gala – 2018 ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို Bieber ဟာ မတက်ရောက်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီပွဲပြီးတဲ့ နောက်တစ်နေ့မှာတော့ Bieber ဟာ သူ့ရဲ့ Instagram ပေါ်မှာ Message တစ်ပိုဒ်ကို Screen Shoot ရိုက်ထားတဲ့ ပုံလေးတစ်ပုံကို တင်ခဲ့ပါတယ်။

ဟေး…ကိုယ့်လူတို့…
Instagram ပေါ်က နာမည်ကျော်ကြားသူတွေရဲ့ စွဲမက်ဖွယ်ရာ သရုပ်ဆောင်ပုံတွေကိုကြည့်ပြီး သူတို့ဘဝတွေက မင်းတို့ဘဝတွေထက် ပိုကောင်းလွန်းလှတယ်လို့ ရူးရူးမိုက်မိုက် မတွေးကြစမ်းပါနဲ့။ အဲဒါတွေက တကယ့်အစစ်အမှန်မဟုတ်ဘူးလို့ ငါအာမခံနိုင်ပါတယ်

အဲဒီ message ပုံလေးကိုဖတ်ပြီး တချို့ကတော့ ထင်ကြတယ်။ ဒါဟာ Bieber ရဲ့ အတွေ့အကြုံတွေက မြစ်ဖျားခံလာတဲ့ ရင့်ကျက်လာမှုတစ်ခုပဲလားပေါ့။ တချို့ကတော့ အဲဒါဟာ Bieber ဘက်က တခြားနာမည်ကျော်တွေကို ခပ်ပါးပါးလေး ရိလိုက်တာလို့ ထင်ကြသေးပါတယ်။ တချို့ကတော့ အဲဒီ message ပုံလေးဟာ အဲဒီ Met Gala ပွဲကို တက်ရောက်ခဲ့ကြတဲ့ သူ့ရဲ့ ရည်းစားဟောင်းတွေဖြစ်ကြတဲ့ Selena Gomez နဲ့ Hailey Baldwin တို့ကို ရည်ရွယ်ပြီး ပြောတာပဲ ဖြစ်မှာလို့ ထင်ကြေးပေးကြပြန်ပါတယ်။

ဒါပေမဲ့ ထင်ကြေးဆိုတာတွေကတော့ ထင်ကြေးတွေပါပဲ။ တကယ့် တကယ်တမ်းမှာ Bieber ဟာ ဘာကိုရည်ရွယ်ပြီး အဲဒီ message ပုံလေးကို တင်ခဲ့သလဲဆိုတာ သူကလွဲလို့ ဘယ်သူကများ သေသေချာချာ သိနိုင်မှာတဲ့လဲ။ မဟုတ်ဘူးလား။ ။

Leave a Reply

Your email address will not be published. Required fields are marked *