A Pink အဖွဲ့ ဧပြီလမှာ သီချင်းအသစ်တစ်ပုဒ်နဲ့အတူ ပရိသတ်ကြီးရှေ့မှောက် ပြန်လည်ရောက်လာဖို့ရှိနေ

Pink Pandas လေးတွေအတွက် သတင်းကောင်းလေးပြောပြချင်ပါတယ်ရှင်…။ ၂၀၁၈ ဧပြီလမှာ မိန်းမချောလေးတွေနဲ့ဖွဲ့စည်းထားတဲ့ A Pink အဖွဲ့လေးဟာ သူမတို့ရဲ့ သီချင်းအသစ်လေးနဲ့အတူ Pandas လေးတွေအတွက် Comeback အစီအစဉ်လေးရှိတယ်လို့ Plan A Entertainment ကနေပြီ မတ်လ ၈ ရက်နေ့မှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Plan A Entertainment ကနေပြီး “A Pink အဖွဲ့ဝင်တွေက လာမယ့်ဧပြီလမှာ သီချင်းအသစ်လေးတစ်ပုဒ်ထွက်ဖို့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဧပြီလကတော့ A pink အဖွဲ့ရဲ့ အနုပညာလောကထဲကိုဝင်ရောက်ခဲ့တာ ၇ နှစ်ပြည့်မယ့်နှစ်ပဲဖြစ်ပါတယ်။ ဒီ comeback လေးဟာ A Pink အတွက်ရော Pink Pandas လေးတွေအတွက်ပါ အရမ်းကိုအဓိပ္ပာယ်ပြည့်ဝတဲ့ အစီစဉ်လေးပါ” လို့ ပြောကြားထားခဲ့ပါတယ်။

A post shared by Apink (@official.apink2011) on

မတ်လ ၃ ရက်နေ့မှာကျရောက်ခဲ့တဲ့ A Pink အဖွဲ့ဝင် Chorong လေးရဲ့၂၇နှစ်ပြည့်မွေးနေ့မှာ Comeback Song နဲ့ပတ်သတ်ပြီး ပရိသတ်ကြီးကို V Live ကနေ အနည်းငယ်အသိပေးခဲ့ပါတယ်။ သူမရဲ့ မွေးနေ့မှာ A Pink အဖွဲ့သားအားလုံးဟာ ဆိုင်တစ်ဆိုင်မှာ ဆိုဂျူတွေသောက်ပြီး မွေးနေ့ပွဲကိုဂုဏ်ပြုခဲ့ကြပါတယ်။ Chorong က “သူမရဲ့မွေးနေ့မှာ သူမနဲ့အတူရှိနေပေးခဲ့တာ ၇ နှစ်တောင်ရှိခဲ့ကြပြီ.. သူမတို့အားလုံး သေတဲ့အထိပျော်ပျော်ရွှင်ရွှင်နေကြမယ်.. ပြီးတော့ ခုလို မွေးနေ့မှာအတူရှိပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး Eunji ရဲ့ Instagram မှာတင်ထားတဲ့ post အောက်မှာဝင်ရောက်ပြောဆိုထားတာကိုတွေ့ခဲ့ရပါတယ်။

A post shared by @artist_eunji on

A Pink အဖွဲ့ဟာ ၂၀၁၁ ခုနှစ်မှာစတင်ပြီး အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပါတယ်။ မိန်းကလေးချောချောလေးတွေနဲ့စုစည်းထားတဲ့ ဒီအဖွဲ့လေးဟာ ပရိသတ်တော်တော်များများရဲ့ ချစ်ခင်မှုတွေကိုလည်းရရှိခဲ့ပါတယ်။ အခု သူမတို့ရဲ့ သီချင်းအသစ်နဲ့အတူ Pandas တွေအတွက်ပြန်လာမယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာလည်း Pandas တွေ အရမ်းကိုပျော်နေကြမယ်လို့ထင်ပါတယ်။ ဧပြီလထဲမှာ ထွက်ရှိလာမယ့် A Pink ရဲ့သီချင်းအသစ်လေးကိုစောင့်မျှော်နားထောင်ပေးကြပါဦးနော်….။

A post shared by @artist_eunji on

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *