ACM မှာ Vocal Event of The Year ဆုကိုဆွတ်ခူးလိုက်တဲ့ Keith Urban နဲ့ Carrie Underwood

53 ကြိမ်မြောက် ACM Awards (Academy of Country Music Awards) ဆုပေးပွဲမှာ Vocal Event of The Year ဆုကို Keith Urban နဲ့ Carrie Underwood တို့နှစ်ယောက်က ပူးတွဲရရှိသွားခဲ့ပါတယ်။ Keith Urban ရဲ့ The Fighter ဆိုတဲ့ country သီချင်းနဲ့ ဆုရရှိခဲ့တာဖြစ်ပြီး Carrie Underwood က featuring ဆိုထားပေးတာဖြစ်ပါတယ်။

ACM Awards ကတော့ country သီချင်းသီးသန့်ကိုပဲ ပေးတာဖြစ်တဲ့အတွက် ကိုယ်တွေသိတဲ့ အဆိုတော်တွေတော်တော်နည်းပြီး လူသိလဲသိပ်မများလှပါဘူး။ အရင်တုန်းကတော့ Taylor Swift ခေတ် (Taytay လေး country ဆိုတုန်းကပေ့ါကွယ်) တုန်းကဆိုရင်တော့ လူတွေတော်တော်စိတ်ဝင်စားခဲ့ကြပါတယ်။(မြန်မာပြည်အနေအထားကိုပြောတာပါနော်) စကားမစပ် Taylor Swift ဟာ country သီချင်းတွေဆိုခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အဲ့ဒီ ACM ဆုတွေကို တန်းစီပြီးယူခဲ့သူတစ်ယောက်ပါ ?

Vocal Event of The Year ဆုကိုရခဲ့တဲ့ The Fighter ဆိုတဲ့သီချင်းကို Ryan Busbee, Michael James နဲ့ Keith Urban တို့ကိုယ်တိုင်ပူးတွဲရေးစပ်ထားခဲ့ပြီး Keith Urban ရဲ့ Ripcord ဆိုတဲ့ album အသစ်မှာပါခဲ့တာပါ။ Keith ဟာဒီသီချင်းနဲ့ နိုင်ငံတော်တော်များများရဲ့ Record Chart တွေမှာ စံချိန်ဝင်ခဲ့ပြီး Carrie Underwood နဲ့ အပေးအယူမျှမျှနဲ့ လိုက်ဖက်ညီစွာသီဆိုထားတာကို တွေ့ရမှာပါ။

Carrie Underwood ကတော့ ဒီသီချင်းကို သူမမျက်နှာမှာ အချက်ပေါင်းလေးငါးဆယ်ကျော်ချုပ်လိုက်ရတဲ့ မတော်တဆမှုမဖြစ်ခင်က သီဆိုထားခဲ့တာဖြစ်ပြီး ကံကောင်းစွာ ဒီ ACM ဆုပေးပွဲနဲ့ အချိန်ကိုက်ပဲသူမမျက်နှာဟာ ၉၀ရာခိုင်နှုန်းကျော်သက်သာခဲ့ပြီဖြစ်လို့ ဆုပေးပွဲနေ့မှာတောင် ဖျော်ဖြေမှုလုပ်နိုင်ခဲ့ပါတယ်။ ကိုယ့်မျက်နှာပေါ်မှာဒီလိုဒဏ်ရာကြီးရထားတဲ့တဲ့ Carrie Underwood အတွက်တော့ နှစ်သိမ့်မှုရစေခဲ့တဲ့ ဆုတစ်ခုလို့တောင်ပြောလို့ရပါတယ်နော်။ သူမအနေနဲ့တော့ စိတ်ဓာတ်မကျပဲ ကြံ့ကြံ့ခံကြိုးစားခဲ့ပြီး အခုဆိုရင် သူမရဲ့သက်သာနေပြီဖြစ်တဲ့ အရင်တိုင်း လှပနေဆဲဖြစ်တဲ့ မျက်နှာလေးကိုတောင် ပရိသတ်တွေကိုချပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

The Fighter ဆိုတဲ့သီချင်းကတော့ ဒုတိယလူတစ်ယောက်ဖက်ကနေခံစားရေးဖွဲ့ထားတာဖြစ်ပြီး ဒုတိယလူတွေရဲ့ထုံးစံအတိုင်း မင်းလေးဟာ သူနဲ့မထိုက်တန်ပါဘူးတို့ ကိုယ်ကသူ့ထက်ပိုကောင်းအောင်ချစ်ပြပါ့မယ်တို့ မင်းအတွက် ကိုယ်ဟာအရာရာကိုရင်ဆိုင်မယ်ဆိုတာမျိုးတွေပေ့ါလေ။ ဒါပေမယ့် ဒုတိယလူဖြစ်ရတယ်ဆိုတာကလည်း ဉီးနှောက်ကမဟုတ်ပဲ အသည်းနှလုံးကရွေးချယ်တာဆိုတော့လည်း ဘယ်တတ်နိုင်မလဲပေ့ါလေ နော့်။

Vocal Event of The Year ဆုရှင် Keith Urban နဲ့ Carrie Underwood ကို ကွန်ကွန်ပါလို့ပြောချင်သလို ဒုတိယလူနေရာမှာရှိနေတဲ့ အဖီးတစ်လိုင်းတွေလဲ လမ်းကြုံရင် တကယ်ဖီးလ်လို့ကောင်းတဲ့ The Fighter ကိုနားထောင်ကြည့်လိုက်ကြပါဉီးနော်……….. ဒုတိယလူပေမယ့် တကယ်ချစ်တတ်သူမှန်ရင် ကံကောင်းကြပါစေလို့………

Leave a Reply

Your email address will not be published. Required fields are marked *