Titanic theme နဲ့ မွေးနေ့ပွဲကျင်းပခဲ့တဲ့ Adele

Hello သီချင်းပိုင်ရှင် Adele ဟာ သူ့ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ပွဲကို Titanic Theme နဲ့ကျင်းပခဲ့ပါတယ်။ မိသားစုဝင်တွေနဲ့ရင်းနှီးတဲ့မိတ်ဆွေအပေါင်းအသင်းအချို့ကိုသာဖိတ်ကြားခဲ့တဲ့ သူမရဲ့ မွေးနေ့ပွဲမှာ Adele ဟာ Titanic ဇာတ်ကားထဲကမင်းသမီး Kate Winslet ရဲ့ ကပွဲတက်ပုံစံနဲ့ဂါဝန်ကိုဝတ်ဆင်ခဲ့ပါတယ်။

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဇာတ်ကားထဲမှာ နံပါတ်နှစ်လိုက်နေတဲ့ Titanic ဇာတ်ကား released လုပ်တုန်းက အသက် ကိုးနှစ်လောက်ပဲရှိနေဦးမယ့် Adele ဟာ သူငယ်ငယ်တုန်းကတည်းကစွဲလမ်းခဲ့ရတဲ့ အရာတစ်ခုကို အသက် ၃၀ ပြည့်မွေးနေ့မှာ အကောင်အထည်ဖော်ခဲ့ပုံရပါတယ်။ ၂၀၁၆ ခုနှစ်မှာ Leonardo DiCaprio တစ်ယောက် အော်စကာရပါစေကြောင်း သူ့ရဲ့ Instagram ကနေဆုတောင်းပေးခဲ့ဖူးပါတယ်။ ဒါပဲလားဆိုတော့ ဒီနှစ်ဆန်းပိုင်းမှာပဲ Diva ကြီး Celion Dion ရဲ့ show ပွဲကို Celion ရဲ့ပုံပါတဲ့ fan shirt ဝတ်ပြီး သွားအားပေးခဲ့တာတွေကိုကြည့်ခြင်းအားဖြင့် Adele ဟာ Titanic ကို အမှန်အကန်အားပေးသူအမာခံပရိသတ်ဖြစ်ကြောင်း သိနိုင်ပါတယ်။

မွေးနေ့ပွဲဟာ Titanic ထဲက လှေကားပုံစံနဲ့ကပွဲကြမ်းပြင်ပါဝင်တဲ့နေရာမှာကျင်းပခဲ့ပြီး Adele က သူ့ဘဝရဲ့ မမေ့နိုင်တဲ့ညလေးတစ်ညဖြစ်ခဲ့ရတာကြောင့် ပါဝင်တက်ရောက်ပေးကြတဲ့ မိသားစုဝင်တွေနဲ့မိတ်ဆွေတွေကို အထူးပဲကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

A post shared by Adele (@adele) on


Adele ဟာ မွေးနေ့ပွဲက ဓာတ်ပုံသုံးပုံကိုသာ Instagram မှာတင်ခဲ့ပြီး ကနေတဲ့ပုံမှာတော့ အသက်ကယ်အင်္ကျီတွေဝတ်ဆင်ထားတာကိုတွေ့ရမှာပါ။ ပြင်ဆင်ခြယ်သထားတဲ့ Adele ဟာ Kate Winslet နဲ့တော်တော့်ကိုတူပြီး ရုတ်တရက်ကြည့်လိုက်ရင် Kate Winslet လို့တောင်ထင်မိလောက်ပါတယ်။ နောက်တစ်ပုံကတော့ ထုံးစံအတိုင်း ပျော်ပျော်နေတတ်တဲ့ Adele ဟာမျက်နှာပြောင်နေတာကိုတွေ့ရမှာပါ။ ဟန်ဆောင်မှုတွေမရှိပဲ ပွင့်ပွင့်လင်းလင်းနဲ့နေတတ်လို့ အက်မင်ကတော့ Adele ကိုအရမ်းသဘောကျမိပါတယ်။

Related post >> လူသိနည်းတဲ့ Adele ရဲ့ အကြောင်းလေးတွေ

နာမည်ကြီးတွေဘာပဲလုပ်လုပ် ဝေဖန်ဖို့အဆင်သင့်ရှိနေတတ်တဲ့ လောကသဘာဝအတိုင်း ဒီလိုမျိုးလုပ်တာဟာ တကယ့် Titanic တုန်းကသေဆုံးခဲ့ရတဲ့သူတွေကို မလေးစားရာကျတယ် ဘာညာနဲ့ပြောတဲ့သူတွေရှိသလို ဒီပွဲမှာ အဲ့လောက်ထိမဟုတ်ပဲ သူသဘောကျတဲ့ theme လောက်ကိုသာယူထားတာမို့လို့ ဘာမှဝေဖန်စရာမရှိဘူးဆိုပြီး ထောက်ခံအားပေးတဲ့သူတွေလဲ အများသားပါပဲ။

ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ???

အက်မင်ကတော့ Adele ကိုချစ်ပြီးသားမို့ ဘာမှအပြစ်ပြောစရာမရှိပါဘူး။ ၃၀ ပြည့်သွားပြီမို့လို့ အရင်ခွေတွေလိုမျိုး 30 ဆိုတဲ့ album လေးထုတ်ပါစေလို့ မျှော်လင့်မိတော့တာပါပဲ..??

 

Leave a Reply

Your email address will not be published. Required fields are marked *