Korea ရဲ့ ‘Ambassadors of Tourism’ အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ BTOB

နာမည်ကြီး Idol Group တစ်ခုဖြစ်တဲ့ BTOB  ကို Ambassadors အဖြစ်ခန့်အပ်တဲ့အကြောင်းကို ဖေဖော်ဝါရီ ၂၇ မှာ Korea Tourism Organization ကထုတ်ပြန်ခဲ့ပါတယ်။

Big Bang နဲ့ Lee Jong Suk တို့ဟာလည်း Ambassadors အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် Korea Tourism Organization နဲ့အတူ Activity တွေများစွာပြုလုပ်ခဲ့ ကြပါတယ်။

အခု Ambassadors အဖြစ်ခန့်အပ်ခံရတဲ့ BTOB ကလည်း Korea Tourism Organization နဲ့အတူ Korea Tourism နဲ့ပတ်သက်တဲ့ Promotional Activity တွေအပြင် Tourism Event တွေကိုပါ တက်ရောက်ကြမယ့်အကြောင်းကိုလည်း ပြောကြားသွားပါတယ်။

Tourism Promotion video မှာဆိုရင်လည်း အဖွဲ့ဝင်တစ်ဉီးချင်းစီရဲ့ မတူညီတဲ့ ခရီးသွားအစီအစဉ်တွေနဲ့အတူ စိတ်ကူးထဲက Korea ကို သွားလည်ရဉီးမှာပါနော်။ သာယာလှတဲ့ ရှုခင်းတွေနဲ့အတူ Promotion Video တွေကိုလည်း စောင့်မျှော်ပေးကြပါဉီးလို့။

BTOB  ကဒီနှစ်ကုန်သည်အထိ ambassadors အဖြစ် ထမ်းဆောင်သွားမှာပါ။ ပြီးတော့ Activity များစွာနဲ့အတူ Korea ရဲ့ လှပလှတဲ့ နေရာများစွာကို BTOB က တစ်ကမ္ဘာလုံးကို ခေါ်ဆောင်သွားဉီးမှာပါ” ဆိုပြီး Korea Tourism Organization ကပြောကြားသွားပါတယ်။

ကဲ.. ကိုယ်တိုင် မသွားနိုင်သေးသည့်တိုင် အားလုံးရဲ့ စိတ်ကူးထဲက လှပလှတဲ့ Korea ကို BTOB နဲ့တွဲဖက်ပြီး ဘယ်လို မြင်တွေ့ရဉီးမလဲဆိုတာကိုလည်း စောင့်ကြည့်ကြပါဉီး လို့….

Leave a Reply

Your email address will not be published. Required fields are marked *