ဖခင်ဖြစ်သူ Eminem ပါဝင်တဲ့ ရှိုးပွဲကို သွားကြည့်ခဲ့တဲ့ Hailie Scott

ခုနောက်ပိုင်းမှာ ဖခင်ဖြစ်သူ Eminem နဲ့ သမီးဖြစ်သူ Hailie Scott တို့ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ သိပ်ပြီး အေးစက်စိမ်းကား မနေတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ အဲဒီသတင်းကို တော်တော်များများလည်း သိပြီးသား ဖြစ်မှာပါ။ အဲဒါဟာ တကယ်ပဲ ဖြစ်နိုင်ပါတယ်။ Hailie ဟာ လွန်ခဲ့တဲ့ လတုန်းကဆိုရင်လည်း ဖခင်ဖြစ်သူ Rapper အကျော်အမော်ကြီး Eminem ပါ၀င်သီဆိုမယ့် Governors Ball Music Festival  ရှိုးပွဲကို ကြည့်ဖို့အတွက် New York ကို သွားခဲ့ပါသေးတယ်တဲ့။ အဲဒီပွဲကိုသွားရင်းနဲ့ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ပုံ ရပါတယ်။ ဒါတွင်မကသေးဘဲ အဲဒီမှာ ရိုက်လာခဲ့တဲ့ ပုံတွေထဲကတစ်ပုံကို လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက သူမရဲ့ Instagram မှာ throw back အနေနဲ့ ပြန်တင်ခဲ့သေးတာကို တွေ့ရပါတယ်။

tb to the past few weekends crashing festivals and exploring cities ✈

A post shared by Hailie Scott (@hailiescott1) on

တကယ်တော့ Hailie ဟာ သူမရဲ့ Instagram ပေါ်မှာ ဘာပုံမှ မတင်တော့တာ နှစ်ဝက်လောက်ကြာနေခဲ့ပါပြီ။ အရှင်းဆုံး ပြောပြရရင် ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလထဲမှာ ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့ပို့စ်အတွက်တောင် ဘာမှမတင်ဘဲ နေခဲ့တာပါ။ အဲဒီအချိန်ကနေပြီးစပြီး ဘာဆိုဘာမှ မတင်တော့ဘဲ အခုမှ သူ့အဖေဆီရောက်ခဲ့တဲ့ ပုံအသစ်လေးကို ပြန်တင်တော့တာပါ။ အသက် ၂၂ ရှိပြီဖြစ်တဲ့ Hailie ဟာ Eminem နဲ့ Kimberly Scott တို့ရဲ့ သမီးဦးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သူမရဲ့ မိဘနှစ်ပါးဖြစ်ကြတဲ့ Eminem နဲ့ Kimberly Scott တို့ရဲ့ ဆက်ဆံရေးကလည်း နည်းနည်း ထူးခြားသလို ရှိပါတယ်။ ၁၅ နှစ်အရွယ်လောက်ကတည်းက စတွေ့ခဲ့ကြပြီး ငယ်ချစ်တွေဖြစ်ကြတဲ့ Eminem နဲ့ Kimberly Scott တို့ဟာ ၁၉၉၉ ခုနှစ်မှာ လက်ထပ်တယ်၊ ၂၀၀၁ မှ ပြန်ကွာရှင်းကြတယ်။ ဟော… ပြီးတော့ ၂၀၀၆ ခုနှစ်မှာ ပြန်လက်ထပ်ကြပြီး ၂၀၀၆ ခုနှစ်ထဲမှာပဲ ပြန်ကွာရှင်းခဲ့ကြတာလို့ သိရပြန်ပါတယ်။ အခုလောလောဆယ်မှာတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ဘော်ဒါတွေလိုမျိုး ဆက်ဆံရေးနဲ့ ရှိနေကြတယ်တဲ့။

Hailie ဟာ ဒီလ အစောပိုင်းမှာလည်း သူမနဲ့ ဖခင်ဖြစ်သူတို့ရဲ့ ဆက်ဆံရေးအကြောင်းကို Daily Mail နဲ့ ပြုလုပ်ခဲ့ရတဲ့ အင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်း ဖြေခဲ့သေးပါတယ်လို့ သိရပါတယ်။ စာလေးဆုံးခါနီးမှာ Hailie ရဲ့ ဖခင်ဖြစ်သူ  Rapper ကြီး Eminem ရဲ့ ပရိသတ်တွေအတွက် သူ့ Instagram ပေါ်က ပုံလေးတချို့နဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို ထည့်ပေးလိုက်ပါတယ်။

#EminemAugmented @bonnaroo info is on the site #Repost @ellej0nes

A post shared by Marshall Mathers (@eminem) on

ပုံလေးကတော့ Governors Ball Music Festival  ရှိုးပွဲအပြီးမှာ Eminem နဲ့ သူ့ဘော်ဒါအရင်းတွေဖြစ်ကြတဲ့ 50 Cent တို့၊ Skyler Grey တို့ Royce Da 5’9’ တို့တွေ အတူတွဲရိုက်ထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ဗီဒီယိုကတော့ Governors Ball Music Festival  ရှိုးပွဲမှာ ဖျော်ဖြေနေခဲ့တဲ့ အပိုင်းအစလေးတစ်ခုပါပဲ။ ။

Leave a Reply

Your email address will not be published. Required fields are marked *