ဇန်နဝါရီမှာ Comeback လုပ်မှာ သေချာသွားတဲ့ Apink

Apink အဖွဲ့ကတော့ သူတို့ရဲ့ပရိသတ်တွေ အလိုဆန္ဒပြည့်ဝစေနိုင်မယ့် ကြေညာချက်လေးတစ်ခုကို 2018 Melon Music Awards ဆုပေးပွဲမှာ ပြောဆိုသွားခဲ့ပြီးတဲ့နောက်မှာ ဒီကြေညာချက်ကို Apink ရဲ့ အေဂျင်စီဘက်ကလည်း အတည်ပြုသွားခဲ့ပါတယ်။

ဒီဇင်ဘာ၁ရက်နေ့က ဆိုးလ်မြို့မှာ ကျင်းပသွားခဲ့တဲ့ 2018 Melon Music Awards ဆုပေးပွဲမှာ Top 10 Artists Award ဆုကို လက်ခံရယူပြီးနောက် Apink အဖွဲ့ခေါင်းဆောင် Chorong က “ကျွန်မတို့တွေ လာမယ့်ဇန်နဝါရီလမှာ Comeback ပြုလုပ်သွားပါတော့မယ်။ အဲ့ဒီအတွက်လည်း ကျွန်မတို့ အရမ်းကို အပြင်းအထန် ကြိုးစားနေကြပါတယ်။ ချစ်ပရိသတ်တွေ လာမယ့်နှစ်မှာ သီချင်းကောင်းလေးတွေကို နားဆင်သွားရမှာပါ” လို့ အသိပေးပြောဆိုသွားခဲ့ပါတယ်။

ဒီလိုပြောဆိုခဲ့ပြီး ၁၀ရက်အကြာ ဒီဇင်ဘာ၁၁ရက်နေ့မှာတော့ Apink ရဲ့ အေဂျင်စီ Plan A Entertainment ဘက်ကနေ အတည်ပြုချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ Apink အဖွဲ့အနေနဲ့ လာမယ့်ဇန်နဝါရီလ ရရက်နေ့မှာ သူတို့ရဲ့ Comeback ကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ Plan A Entertainment က အတည်ပြုသွားခဲ့ပါတယ်။

ဒီ Comeback ကတော့ ခုနှစ်မြောက် Mini Album “ONE & SIX” ပြီးနောက် ခြောက်လအကြာမှ ပထမဆုံး ပြန်ထွက်လာခဲ့တဲ့ သီချင်းသစ် ဖြစ်လာမှာပါ။ လာမယ့် ၂၀၁၉ခုနှစ်ထဲမှာတော့ Apink ရဲ့ အနုပညာလှုပ်ရှားမှုတွေ နှစ်အစပိုင်းမှာကတည်းက ခပ်စိတ်စိတ်လေး တွေ့မြင်သွားရမှာပါ။

လာမယ့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၅ရက်နဲ့၆ရက်နေ့ ၂ရက်ဆက်တိုက် ဆိုးလ်မြို့က SK အိုလံပစ် Handball အားကစားခန်းမကြီးအတွင်းမှာ သူတို့ရဲ့ “2019 Pink Collection: Red & White” Concert ကို ကျင်းပသွားမှာဖြစ်ပြီးတော့ ဒီ၂ရက်ပြီးတာနဲ့ သူတို့ရဲ့ Comeback ကို ဆက်လက်ခံစားသွားရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီလက Apink Fan တွေကို အရမ်းပျော်ရွှင်စေရမယ့် လတစ်လလို့ တင်စားမယ်ဆိုရင် လွန်မယ်မထင်ပါဘူးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *