Ariana Grande တစ်ယောက် ၁၄နှစ်အရွယ်ကောင်မလေး Millie ကို ဘာတွေပြောလိုက်တာပါလိမ့်

Ariana Grande ဟာ အသက် ၁၄နှစ်ပဲရှိသေးတဲ့ Millie Bobby Brown ကို ဆယ်ကျော်သက်ကိစ္စတစ်ချို့နဲ့ ပတ်သက်ပြီး ကျီစားသယောင်ပြောခဲ့ပါတယ်။ ဘာကြောင့်ဆို Millie ရဲ့ အသက် ၁၅နှစ်သာရှိသေးတဲ့ သူမရည်းစားနဲ့ အနမ်းပေးနေတဲ့ post လေးတစ်ခုကို Instragram မှာတင်ခဲ့လို့ပါ။ ဒီဆယ်ကျော်သက်အရွယ် Millie ရဲ့အပြုအမူဟာ Ariana တို့အရွယ် အတွက်တော့ လက်ခံအားပေးနိုင်ဖွယ်ရာမရှိပါဘူး။ Ariana ကိုယ်တိုင်ကလည်း ငယ်စဉ်အချစ်ကို ရူးမိုက်တတ်တဲ့အရွယ်က လွန်မြောက်ကုန်ဆုံးခဲ့ပြီလေ။

ဒီတော့ Millie တစ်ယောက် သူမရည်းစားနဲ့အတူ လှိုင်းတွေရိုက်ခတ်နေတဲ့ ကမ်းခြေနောက်ခံမှာ ချစ်သူနှစ်ဦးအနမ်းပေးနေတဲ့ပုံကို “Moonlight with him” ဆိုတဲ့ caption လေးနဲ့တင်လိုက်တဲ့အခါမှာတော့ Ariana က “သူမတုန်းကတော့ဖြင့် အသက် ၂၀ အရွယ်ရောက်တဲ့ထိတိုင်အောင် အိမ်ပြင်ထွက်ဖို့ခဲယဉ်းခဲ့တယ်ကွယ်” လို့ပြောဆိုထားပါတယ်။ အဲဒီနောက် Millie ဟာ သူမကောင်လေးကျောပေါ်ခုန်တက်ပြီး “သူမအဆင်ပြေကြောင်း ဒါပေမယ့် သူနဲ့ဆို ပိုအဆင်ပြေကြောင်း” caption လေးနဲ့ထပ်တင်လိုက်ပြန်ပါတယ်။ သူတို့စုံတွဲရဲ့ သိပ်ကို ချိုမြိန်အားကျဖွယ်ကောင်းတဲ့ ဓာတ်ပုံကို like ပေးသူပေါင်း ၃.၆ မီလျံထိရှိခဲ့ပြီး နာမည်ကြီးအနုပညာရှင်တော်တော်များများကလည်း like ပေးခဲ့ပါတယ်။

im alright, but even better w u ?

A post shared by MBB (@milliebobbybrown) on



Millie Bobby Brown ဟာ ၂၀၀၄ ခုနစ် ဖေဖော်ဝါရီ ၁၉ မှာမွေးဖွားခဲ့ပြီး ယခုမှာတော့ အသက် ၁၄နှစ်ရှိပြီဖြစ်ပါတယ်။ သူမဟာ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် မော်ဒယ်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်က ‘Stranger Things‘ ဆိုတဲ့ Drama Series မှာပါဝင်ရာကနေ ပိုပြီးလူသိများခဲ့ပါတယ်။ သူမဟာ Time ရဲ့ လွမ်းမိုးမှုအရှိဆုံးလူ အယောက် ၁ဝဝ စာရင်းထဲမှာ အငယ်ဆုံးအနေနဲ့ ဖော်ပြပေးခြင်းခံရသူပါ။ အခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေစပြီး ‘Enola Holmes Mysteries‘ မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ariana ဟာလည်း ပြီးခဲ့တဲ့ရက်တွေက SNL ရဲ့ စတား Pete Davidson နဲ့ချိန်းတွေ့နေကြောင်းကို People မဂ္ဂဇင်းမှ ထုတ်ဖော်ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် ပတ်သက်မှုဟာလည်း ယခုမှအစပျိုးဆဲဖြစ်ကြောင်း သူမအနီးဝန်းကျင်မှ လူတစ်ချို့က မဂ္ဂဇင်းသို့ပြောထားပါတယ်။ ဒီသတင်းတွေဟာလည်း သူမနဲ့နှစ်နှစ်ကြာလက်တွဲခဲ့တဲ့ ရက်ပါ Mac Miller နဲ့လမ်းခွဲပြီးနောက် ထွက်ပေါ်လာတဲ့ သတင်းတွေပါ။ သူမကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့အတိတ်ကို ပြန်ပြောင်းဖြစ်ဖို့ ခုချိန်မှာ အလုပ်တွေကြိုးစားလုပ်ကိုင်နေပြီး သူမရဲ့ သီချင်းအသစ် ခေါင်းစဉ်ကိုက “The Light is Coming’ ပါတဲ့။ Ariana တစ်ယောက်ကတော့ “အမှောင်ထုခိုးသွားသမျှ အရာအားလုံးကိုပြန်ပေးဖို့ ခုချိန်မှာ အလင်းရောက်လာပြီ” ဆိုတဲ့ သီချင်းလေးသီဆိုရင်း ရှေ့ဆက်နေဆဲပါပဲ…

Leave a Reply

Your email address will not be published. Required fields are marked *