နိုင်ငံတကာမှာ Top ဖြစ်နေတဲ့ Ariana Grande ရဲ့ 7 Rings

ချစ်စရာကောင်းတဲ့ ပိုနီတေးလ် ဆံပင်ပုံစံလေးနဲ့ အမြဲလိုလို တွေ့ရတတ်တဲ့ အဆိုတော်မလေး Ariana Grande ဟာ ၂၀၁၈ ဒီဇင်ဘာလထဲမှာတုန်းက Thank U next ဆိုတဲ့ သီချင်းလေးနဲ့ နိုင်ငံအနှံ့အပြားမှာ ၀က်ဝက်ကွဲ အောင်ပွဲခံခဲ့တာကို သီချင်းချစ်သူတွေအားလုံး သိပြီးသား ဖြစ်မှာပါ။ အခုတော့ Ariana အဲဒီ အောင်မြင်မှုတွေကို ဒီ ၂၀၁၉ နှစ်ဦးပိုင်းအထိ ယူဆောင်လာခဲ့ပြန်ပါပြီ။

ဟုတ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ Ariana ကို အခုရက်ပိုင်းအတွင်းမှာအရမ်းတွေ အောင်မြင်နေစေခဲ့တဲ့ သီချင်းလေးကတော့ 7 Rings ပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့ 7 Rings ဟာ ဒီရက်ပိုင်းတွေ ထဲမှာတော့ US, Australia, Canada, New Zealand, Norwat, Greece, Finland, Sweden နဲ့ တခြားနိုင်ငံတွေမှာ လုံးဝ Top ဖြစ်နေခဲ့ပြီလို့ သိရပါတယ်။ ပြီးတော့ ပြင်သစ်၊ ဂျာမဏီ၊ အီတလှ စတဲ့ နိုင်ငံတွေမှာလည်းလည်း Top 5 စာရင်းထဲမှာ ၀င်နေခဲ့တယ်လို့ ဆိုကြပါတယ်။

 

View this post on Instagram

💍💍💍💍💍💍💍 1.18.

A post shared by Ariana Grande (@arianagrande) on

 

နောက်… ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက Ariana ရဲ့ You Tube Channel ကနေတစ်ဆင့် You Tube ပေါ်ကို ရောက်လာခဲ့တဲ့ 7 Rings သီချင်းရဲ့ Musice Video လေးဟာလည်း ခုရက်ပိုင်းအတွင်းမှာပဲ ကြည့်သူက ၉၄ သန်း ကျော်သွားခဲ့ပြီ ဖြစ်တာကို တွေ့ရပြန်ပါတယ်။ ဒါတင်မကသေးဘဲ ဒီတစ်ပတ်အတွင်း Billboard Hot 100 သီချင်းစာရင်းမှာလည်း 7 Rings ဟာ နံပါတ် ၁ ဖြစ်နေခဲ့တယ်လို့ သိရပြန်ပါတယ်။

 

 

You Yube ပေါ်က 7 Rings ရဲ့ MV ဟာ တကယ့်ကို လူငယ်ဆန်ဆန်နဲ့ ခပ်လန်းလန်းလေး ရိုက်ထားတာကို တွေ့ရပါတယ်။ ဒါရိုက်တာ Hannah Lux Davis က ချစ်စရာကောင်းလှတဲ့ Ariana ရဲ့ မျက်နှာလေးနဲ့ လိုက်ဖက်အောင် MV ထဲမှာ ပန်းရောင်လေးတွေ ခပ်များများသုံးပြီး Cute ဘက်နွယ်အောင် လှလှပပလေး ရိုက်ကူးပေးထားတာကိုလည်း မြင်ခဲ့ရပါတယ်။

သီချင်းလေးရဲ့ ပုံစံကတော့ R&B နဲ့ Trap- Pop တို့ကို ပေါင်းစပ်ဖန်တီးထားတာမျိုးပါ။ ခပ်ငြိမ့်ငြိမ့်တစ်လှည့်၊ ခပ်မြူးမြူးတစ်လှည့် ဖြစ်နေတဲ့ သံစဉ်အနိမ့်အမြင့်တွေကြားမှာ ချိုမြစူးရှတဲ့ Ariana ရဲ့ ထူးထူးခြားခြား ဆိုဟန်လေးတွေကိုလည်း အသစ်အဆန်းအဖြစ်နဲ့ နားဆင်ကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ပရိသတ်တွေအနေနဲ့ အခုလို အရမ်းတွေ အားပေးနေခဲ့ကြတာ ဖြစ်မှာပါ။

7 Rings သီချင်းရဲ့ ကြာချိန်ကတော့ ၂ မိနစ်နဲ့ ၅၈ စက္ကန့်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသီချင်းလေးဟာ Ariana ရဲ့ လူကြည့်အများဆုံး၊ Top အဖြစ်ဆုံး ဖြစ်ခဲ့ရတဲ့ သီချင်းတွေထဲမှာ ၁၀ ပုဒ်မြောက် သီချင်းလည်း ဖြစ်ပါတယ်။ နောက်ပြီး… မကြာခင်မှာ ထွက်ရှိတော့မယ့် Ariana ရဲ့ ၅ ခုမြောက် Studio Album အသစ်ထဲက သီချင်းသစ်တစ်ပုဒ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ Album အသစ်လေးရဲ့ နာမည်ကတော့ Thank U, Next ဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကျရင် ထွက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ။

 

Leave a Reply

Your email address will not be published. Required fields are marked *