Nintendo Labo နဲ့ သီချင်းတစ်ပုဒ်တင်ဆက်ခဲ့တဲ့ Ariana Grande

No tears left to cry သီချင်းပိုင်ရှင် Ariana Grande ဟာ Jimmy Fallon နဲ့တွဲပြီး Nintendo ကထုတ်ထားတဲ့ labo ပစ္စည်းလေးတွေနဲ့ သူ့ရဲ့ No tears left to cry ဆိုတဲ့သီချင်းကို ရိုက်ကူးခဲ့ပါတယ်။

Nintendo Labo ဆိုတာကတော့ ပြီးခဲ့တဲ့လကမှ Nintendo က launch လုပ်ထားခဲ့တဲ့ cardboard လေးတွေကိုသုံးပြီး အရုပ်လေးတွေ ကစားစရာလေးတွေချိတ်ဆက်ဆော့ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Nintendo ရဲ့ Switch နဲ့ တွဲပြီးဆော့ရတာဖြစ်ပြီး gaming, engineering ပိုင်းနဲ့ physics ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမယ့် ပစ္စည်းလေးတွေပါ။

သိပ်မကြာသေးခင်ကမှ ရည်းစားနဲ့ပြတ်ထားတဲ့ Arina တစ်ယောက်ဟာ The night show ရဲ့ပဲ့ကိုင်ရှင် Jimmy Fallon နဲ့ the roots တီးဝိုင်းသားတွေပေါင်းပြီး Nintendo Labo လေးတွေနဲ့ပြုလုပ်ထားတဲ့ တူရိယာတွေကိုပဲအသုံးပြုပြီး No tears left to cry သီချင်းကို တင်ဆက်ဖျော်ဖြေခဲ့တာပါ။ အဲ့သီချင်းရဲ့ တူရိယာသံတွေအားလုံး Nintendo Labo ကထွက်တဲ့အသံအစစ်တွေချည်းပဲဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ကို live နဲ့တင်ဆက်ခဲ့တာကြောင့် သေချာချင်တဲ့သူတွေကတော့ အောက်က video လေးကိုကြည့်နိုင်ပါတယ်။

Music ပစ္စည်းလေးတွေသာမက IT ပစ္စည်းတွေနဲ့ ယာဉ်တွေ၊တိရိစ္ဆာန်လေးတွေအမျိုးမျိုးတည်ဆောက်လို့ရသေးတာမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Nintendo.com မှာဝင်ကြည့်လို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *