အဆိုပြိုင်ပွဲတွေကနေ ကျော်ကြားလာခဲ့ကြတဲ့ အဆိုတော်များ

အခုနောက်ပိုင်း မြန်မာပြည်မှာ အဆိုပြိုင်ပွဲတွေအများကြီးပေါ်လာနေသလို အဲ့လိုပြိုင်ပွဲတွေကနေတဆင့် အောင်မြင်မှုတွေရနေကြပြီဖြစ်တဲ့ အနုပညာရှင်တွေကိုလဲ တွေ့နေရပါတယ်။

နိုင်ငံတကာမှာလဲ အဆိုပြိုင်ပွဲလေးတွေဝင်ပြိုင်ရင်းကနေမှ နာမည်ကြီးနေတဲ့ အဆိုတော်တွေအများကြီးရှိပါတယ်နော်။ ကဲ ကိုယ်သိတဲ့သူ ဘယ်သူတွေပါမလဲ စပ်စုကြည့်ရအောင်လား???

1 – Beyonce

မအံ့သြလိုက်ပါနဲ့။ Beyonce တစ်ယောက်ကလည်း ၁၉၈၀/၉၀ခုနှစ်ဝန်းကျင်တွေမှာ ခေတ်စားခဲ့တဲ့ Star Search  ဆိုတဲ့ပြိုင်ပွဲလေးမှာဝင်ပြိုင်ခဲ့ဖူးသူတစ်ယောက်ပါ။

2 – Justin Timberlake

Can’t stop the feeling သီချင်းပိုင်ရှင်ကလဲ Star Search အဆိုပြိုင်ပွဲမှာဝင်ပြိုင်ဖူးခဲ့သူပါ။ ပြိုင်ပွဲမှာအနိုင်မရခဲ့ပေမယ့် တကယ့်လက်တွေ့ဘဝကြီးမှာအောင်မြင်မှုကို ပိုင်ဆိုင်ရရှိခဲ့သူဖြစ်ခဲ့ပါတယ်။ အဲ့တုန်းကဘယ်လိုတွေတောင်ချစ်စရာကောင်းလဲဆိုတာ အောက်က video မှာရှိုး?

3 – Usher

၂၀၁၀ ခုနှစ်မှာ DJ Got us Fallin in Love သီချင်းနဲ့ ဆယ်ကျော်သက်လေးတွေကိုဖမ်းစားခဲ့တဲ့ Usher ကလဲ သူ့အသက် ၁၃နှစ်တုန်းက Star Search မှာဝင်ပြိုင်ခဲ့ပြီး သူ့ကိုခွေထုတ်ပေးမယ့် တေးထုတ်လုပ်သူနဲ့ဆုံခဲ့ရတာပါ။

4 – Christina Aguilera

Star Search ကနေတက်လာခဲ့တဲ့သူတွေထဲမှာ Aguilera တစ်ယောက်လဲအပါအဝင်ဖြစ်ပါတယ်။

5 – Leona Lewis

Bleeding Love သီချင်းပိုင်ရှင် Leona Lewis ကတော့ The X Factor winner တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲမှာအနိုင်ရခဲ့သလိုပဲ အနုပညာလောကမှာလည်း လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သူတစ်ယောက်ပါ။

6 – Carrie Underwood

Jesus Take the Wheel သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ Carrie Underwood ကတော့ American Idol မှာအနိုင်ရခဲ့ပြီးနောက် Idol တွေထဲကမှာ ဝင်ငွေအကောင်းဆုံးရခဲ့သူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

A post shared by Kelly Clarkson (@kellyclarkson) on

7 – Kelly Clarkson

Because of You သီချင်းနဲ့ အားလုံးရဲ့ ရင်ကိုကိုင်လှုပ်နိုင်ခဲ့တဲ့ Kelly Clarkson ကလည်း American Idol winner တစ်ယောက်ဖြစ်ခဲ့သူပါ။

A post shared by Justin Bieber (@justinbieber) on

8 – Justin Bieber

ပြိုင်ပွဲကြီးတွေမှာမဟုတ်ပဲ Stratford လို့ခေါ်တဲ့ မြို့ကလေးရဲ့ အဆိုပြိုင်ပွဲမှာ ဒုတိယပဲရခဲ့တဲ့ Justin Bieber ဟာ Baby သီချင်းနဲ့ လူပေါင်းများစွာကိုဖမ်းစားနိုင်သူတစ်ယောက်ဖြစ်ခဲ့ပြီး ခုထိလဲ အောင်မြင်နေဆဲပါပဲ။

9 – One Direction

The X Factor ရဲ့ နောက်ဆုံး boy band ဖြစ်တဲ့ One Direction ဟာ ပြိုင်ပွဲမှာ တတိယနဲ့ပဲကျေနပ်ခဲ့ရပေမယ့် လက်တွေ့ကမ္ဘာကြီးမှာတော့ နာမည်ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။

10 – Fifth Harmony

ဒီအဖွဲ့ကလည်း One Direction နည်းတူ The X Factor ကနေထွက်ပေါ်လာတဲ့ girl band တစ်ခုပါ။ စိတ်မကောင်းစရာကတော့ ဒီ ၂ဖွဲ့လုံးအတူတူလက်တွဲပြီး မလုပ်ကြတော့တာတစ်ခုပါပဲ ?

ပြိုင်ပွဲကြီးကြီးသေးသေးတွေကနေတဆင့် အောင်မြင်လာသူတွေအများကြီးရှိပေမယ့် လက်လှမ်းမှီသလောက်ပဲ စုစည်းထားတာမို့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါနော်။ နောက်တစ်ခါတွေမှာ ပိုပြီးစုံလင်အောင် တင်ပြပေးပါ့မယ်လို့ …………….

ကိုယ်တွေလဲ ဘဝမှာကျရှုံးမှုတွေကြုံရရင်တောင် အားမလျော့ဘဲဆက်ကြိုးစားရင် သူတို့တွေလိုပဲ တစ်နေ့မှာ အောင်မြင်မှုရနိုင်တာမို့ အားကျအတုယူရအောင်လို့လဲ အားပေးချင်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *