Avril Lavigne က သူမရဲ့ ဆဌမမြောက် Album ကို “True Emotional Journey” လို့တင်စားပြောဆို

ပရိသတ်တစ်ယောက်က Avril Lavigne ရဲ့ twitter စာမျက်နှာမှာသွားရောက်မေးမြန်းရာကနေ သူမရဲ့ပျောက်ချက်သားကောင်းနေတဲ့ ဆဌမမြောက် Album အကြောင်းကို တစေ့တစောင်းသိရှိခွင့်ရခဲ့ပါတယ်။ Avril Lavigne က အဲဒီ Album မှာပါဝင်တဲ့သီချင်းတွေက Personal, Dear, Intimate, Dramatic, Raw, Powerful, Strong နဲ့ Unexpected စတဲ့ရသမျိုးစုံပေးစွမ်းနိုင်ပြီး အစအဆုံးနားထောင်လိုက်ရင် တကယ့် Emotional Journey တစ်ခုကိုဖြတ်သန်းခဲ့ရသလိုခံစားရမယ်ဆိုပြီး ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

သူမရဲ့ ပဉ္စမမြောက် Album ဖြစ်တဲ့ “Avril Lavigne” ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကထွက်ရှိခဲ့တာဖြစ်တဲ့အတွက် သူမရဲ့သီချင်းတွေကိုမြတ်နိုးတဲ့ပရိသတ်တွေက Album အသစ်နဲ့ပတ်သက်တဲ့သတင်းတွေကို နားစွင့်နေကြတာဖြစ်ပါတယ်။ အဲဒီလို fan တွေအတွက်ကတော့ Lavigne ရဲ့ Tweet လေးက တကယ့်ကိုဆေးတစ်ခွက်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နဲ့ချီပြီး စာမလာအကြောင်းမကြားဖြစ်နေတဲ့ ဒီ Album အကြောင်းကို အနည်းအကျဉ်းပဲဖြစ်ဖြစ်သိလိုက်ရတာက ဘာမှမသိရတာထက်စာရင်တော့ အပုံပြီးပိုကောင်းပါတယ်။ နောက်ထပ် Lavigne နဲ့ပတ်သက်တဲ့သတင်းတွေသိရတာနဲ့ ချက်ချင်းလိုလိုမျှဝေပေးသွားမှာဖြစ်လို့ Stay Tuned ပါလို့…

Leave a Reply

Your email address will not be published. Required fields are marked *