အသက် ၃၆ နှစ်အရွယ်မှာ ကြွေလွင့်သွားခဲ့တဲ့ Babymetal အဖွဲ့က ဂီတာသမား Fujioka Mikio

ကမ္ဘာကျော် Babymetal အဖွဲ့ရဲ့ရှိုးပွဲတိုင်းမှာ လိုက်လံတီးခတ်ပေးတဲ့ KamiBand ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Fujioka Mikio ဟာ သူချစ်တဲ့ဂီတာကိုချန်ရစ်ထားခဲ့ပြီး သူ့ပရိသတ်တွေကိုကျောခိုင်းသွားခဲ့ပါပြီ။ ‘Ko-Gami’ (Little God) လို့ချစ်စနှိုးခေါ်ကြတဲ့ Fujioka ဟာ မျက်မှောက်ခေတ်ဂီတလောကထဲက အတော်ဆုံးဂီတာပညာရှင်တွေထဲကတစ်ယောက်လို့ဆိုရင် ပိုမယ်လို့မထင်မိပါဘူး။ Babymetal အဖွဲ့ကို သာမန် idol အဖွဲ့တစ်ခုအဆင့်ကနေ ကမ္ဘာတစ်ဝန်းက Metal ချစ်သူတွေ လက်ခံအားပေးလာတဲ့အထိ သူ့ရဲ့ဂီတာလက်စွမ်းတွေနဲ့ ပံ့ပိုးပေးခဲ့နိုင်တယ်ဆိုတာဟာ သာမန်စွမ်းဆောင်မှုမျိုးမဟုတ်ပါဘူး။ အဲဒီလိုအထင်ကရဂီတပညာရှင်တစ်ဦးကြွေလွင့်သွားတယ်ဆိုတဲ့သတင်းဟာ ကမ္ဘာတစ်ဝန်းက ဂီတချစ်သူတွေကို ဝမ်းနည်းစိတ်၊ နှမြောတမ်းတစိတ်တွေနဲ့ ပြည့်နှုက်သွားစေခဲ့ပါတယ်။ စင်မြင့်ပေါ်ကပြုတ်ကျတဲ့ဒဏ်ရာနဲ့ကွယ်လွန်သွားရတာဆိုတော့ ပိုလို့တောင်ယူကြုံးမရဖြစ်မိစေပါတယ်။

Babymetal အဖွဲ့ရဲ့ Twitter စာမျက်နှာမှာတော့ Fujioka တစ်ယောက် Metal Galaxy တွေထဲမှာ သူအားကျရတဲ့ ဂီတာဆရာကြီး Allan Holdsworth နဲ့အတူ ဂီတာအတူတီးနေမယ်လို့မျှော်လင့်ကြောင်း ဆုတောင်းပေးထားတာကိုမြင်တွေ့ရမှာပါ။

ကမ္ဘာတစ်ဝန်းက သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်း ဒီသတင်းနဲ့ပတ်သက်ပြီးဝမ်းနည်းမိကြောင်း အလျှိုလျှိုရင်ဖွင့်နေကြပါတယ်။

Rest In Peace, Ko-Gami
You’ll Be Missed!

Leave a Reply

Your email address will not be published. Required fields are marked *