တစ်ကျော့ပြန်လာတော့မယ့် Backstreet Boys

၅ နှစ်လောက် ပျောက်ချက်သားကောင်းနေတဲ့ နောက်ဖေးလမ်းကြားက ကောင်လေးတွေကတော့ မေလ ၁၇ ရက်နေ့မှာထွက်မယ့် သူတို့ရဲ့ အသစ်စက်စက် Single ‘Don’t Go Breaking My Heart‘ နဲ့အတူ ပရိသတ်တွေရှေ့မှောက်ကို ပြန်ရောက်လာတော့မှာဖြစ်ပါတယ်။ ဒီ Single ကို ကြေညာဖို့အတွက် မေလ ၁၂ ရက်နေ့ကနေစပြီး သူတို့ရဲ့ Twitter ကနေ Countdown ပြုလုပ်ခဲ့ကာ မေလ ၁၄ ရက်နေ့မှာ သီချင်းနာမည်နဲ့ ထွက်ရှိမယ့်ရက်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အနုပညာသက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့ Backstreet Boys အဖွဲ့ဟာ ၉၀ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ အထူးရေပန်းစားကျော်ကြားခဲ့တဲ့ Boy Band တစ်ခုဖြစ်ပါတယ်။ ပြောမယ်ဆိုရင် အဲဒီခေတ်ကာလက နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော်လေးတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ စတုတ္ထမြောက် Album ဖြစ်တဲ့ ‘Black & Blue’ (2000) ပြီးကတည်းက တွဲလိုက်ခွဲလိုက် လုပ်နေကြတာဖြစ်ပြီး ပြန်စုမိတိုင်း Album တစ်ခွေတော့ ထုတ်လေ့ရှိကာ ဒီတစ်ခုကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ ‘In a World Like This’ ပြီးနောက် ပထမဦးဆုံးထွက်ရှိလာမယ့် သီချင်းပဲဖြစ်ပါတယ်။ မေ ၁၇ ထွက်မှာဆိုတော့ အများကြီးစောင့်စရာမလိုတော့ပါဘူး။

Ref: Billboard

Leave a Reply

Your email address will not be published. Required fields are marked *