သူတို့က BTS ပရိသတ်တွေပါလို့ Backstreet Boys အဖွဲ့ဝင်တွေပြောကြား

Boyband ဖြစ်တာချင်းတူညီတာကြောင့် နာမည်ကျော် K-Pop အဖွဲ့တစ်ခုဖြစ်တဲ့ BTS ဟာ ခေတ်အသီးသီးက နာမည်ကြီး Boyband တွေနဲ့ မကြာခဏနှိုင်းယှဉ်ပြောဆိုခြင်းကို ခံရပါတယ်.. အထူးသဖြင့် အနောက်နိုင်ငံတွေမှာဖြစ်ပါတယ်။ အဲဒီထဲကမှ နာမည် ‘B’ နဲ့စတာချင်းတူတဲ့ Backstreet Boys ကလည်း တစ်ဖွဲ့အပါအဝင်ဖြစ်ပါတယ်။ အဲဒီလိုနှိုင်းယှဉ်ပြောခံရလို့ စိတ်ဆိုးကြမယ်မထင်လိုက်ပါနဲ့.. Backstreet Boys ဟာ BTS ရဲ့ fan အကြီးစားဖြစ်ပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုရင် သူတို့ရဲ့ show ပွဲမှာပါဝင်ဖို့ BTS ကို ဖိတ်ခေါ်လိုက်တဲ့အထိပါပဲ။

ဒီအကြောင်းဟာ fan တစ်ယောက် Backstreet Boys အဖွဲ့ကို BTS အပေါ်ဘယ်လိုမြင်သလဲလို့ သွားမေးလိုက်ရာကနေစတင်ခဲ့တာပါ။ အဆိုပါ fan က “BTS အပေါ်ကို ဘယ်လိုအမြင်ရှိပါသလဲ.. သူတို့က မင်းတို့သီချင်းတွေနားထောင်၊ မင်းတို့ကို အားကျပြီး ကြီးပြင်းလာကြတာဆိုတော့လေ” လို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

Backstreet Boys က အဲဒီမေးခွန်းကို ဖေဖော်ဝါရီ ၆ ရက်ကပြုလုပ်ခဲ့တဲ့ Twitter Q&A မှာ ပြန်လည်ဖြေကြားခဲ့ပြီး သူတို့ဟာ BTS fan တွေဖြစ်ကြောင်း တစ်ပါတည်း ထုတ်ဖော်ပြောကြားသွားတာ ဖြစ်ပါတယ်။

အဲဒီ Q&A ထဲမှာ Carter က “ကျွန်တော်တို့က BTS ရဲ့ ပရိသတ်အကြီးစားတွေပါ။ ဟိုတလောကပဲ Aoki ဖွင့်ပြလို့ BTS ရဲ့ မထွက်ရှိသေးတဲ့သီချင်းတစ်ပုဒ် နားထောင်လိုက်ရသေးတယ်။ BTS အနေနဲ့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ Vegas Show ကို လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။” လို့ ပြောကြားထားပါတယ်။ အဆုံးသတ်နားလေးမှာ AJ McLean က “လုပ်လိုက်စမ်း” ဆိုပြီး ထပ်မံအားဖြည့် ဖြေကြားထားပါသေးတယ်။

BSB နဲ့ BSB တို့ကြားက relationship ကတော့ အခြေအနေကောင်းတယ်လို့ ပြောရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Access Hollywood နဲ့ အင်တာဗျူးပြုလုပ်ခဲ့ရာမှာ BTS အနေနဲ့ Backstreet Boys, 98 Degrees, NSYNC, One Direction တို့လိုအဖွဲ့တွေနဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ် ဘယ်လိုမြင်သလဲလို့ မေးမြန်းခြင်းခံခဲ့ရပါတယ်။ အဲဒီမှာ သူတို့ဟာ NSYNC နဲ့ Backstreet Boys တို့ရဲ့သီချင်းတွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့ကြတာပါ.. အခုလိုမျိုး နှိုင်းယှဉ်ပြောဆိုခံရတယ်ဆိုတာကို ယုံတောင်မယုံနိုင်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အခုလိုမျိုး တစ်ဖက်ကိုတစ်ဖက် respect အပြည့်နဲ့ဆိုတော့ အနာဂတ်မှာ နှစ်ဖွဲ့ပေါင်းပြီး တစ်ခုခုလုပ်နိုင်ခြေရှိတယ်လို့တောင် စိတ်ကူးယဉ်ထားကြည့်လို့ရပါတယ်။

BTS ဟာ ရှားရှားပါးပါး US မှာ အသေအောင်မြင်တဲ့ K-Pop အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုတော့ သူတို့ရဲ့သီချင်း “Mic Drop” ဟာ Billboard Hot 100 စာရင်းမှာ ၁၀ ပတ်ဆက်တိုက် ပါဝင်နေတဲ့အထိပါ။ ဒီလိုမျိုး အနောက်စျေးကွက်မှာ လူသိများလာတာတွေရော၊ ကမ္ဘာကျော်အဆိုတော်တွေက အသိအမှတ်ပြုလာကြတာတို့ရောကြောင့် သမိုင်းမှာ မမြင်ဖူးမကြားဖူးတဲ့ collaboration တွေမြင်လာရနိုင်တယ်လို့ အိပ်မက်မက်ထားလို့ရနိုင်ပါတယ်။

Ref: Billboard

Leave a Reply

Your email address will not be published. Required fields are marked *