ပြန်ပေါင်းထုတ်နေကြတဲ့ Bella နဲ့ Weeknd

၂၀၁၆ နိုဝင်ဘာလလောက်မှာ လမ်းခွဲခဲ့ကြတဲ့ Bella နဲ့ Weeknd တို့ဟာ အခုချိန်မှာ ပြန်ပေါင်းထုတ်နေကြတယ်လို့ သိရပါတယ်။ Cannes Film Festival အတွက် ပဲရစ်ကို ရောက်ရှိနေကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်သူပုံရိပ်တွေကို တွေ့ရှိသူတချို့က မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေ ထွက်ရှိလာတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Weeknd ရဲ့ My Story မှာတင်ထားတဲ့ video မှာ Bella ဝတ်ဆင်ထားတဲ့ အင်္ကျီလက်ကို မြင်တွေ့နေရတာဖြစ်ပြီး Bella တင်ထားတဲ့ ပုံနဲ့ ဝတ်စုံဟာထပ်တူကျနေတာကြောင့်ဘဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး အဲ့ဒီနေ့မှာ Bella တင်ထားတဲ့ ပုံရဲ့ caption ကလည်း ထူးဆန်းစွာနဲ့ Life ဆိုတဲ့ caption ကို ရေးပြီးတင်ထားခဲ့တာကြောင့် သူတို့ နှစ်ဦးရဲ့ fan တွေကတော့ ပြန်ပေါင်းထုတ်ကြမှာကို ဝမ်းသာနေကြပြီး Bella နဲ့ Weekend ကို မျက်ခြေမပျက်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

“You’re taking a video of the bubble” – Bella

A post shared by Abel Tesfaye & Bella Hadid (@abelxbella) on

@thekingknd ❤️?

A post shared by Abel Tesfaye & Bella Hadid (@abelxbella) on

life

A post shared by ? (@bellahadid) on

Leave a Reply

Your email address will not be published. Required fields are marked *