Destiny’s Child အဖွဲ့နဲ့ ပြန်လည်ဆုံဆည်းဖြစ်ခဲ့သေးတဲ့ Beyonce’

Beyonce

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ Coachella Music & Art ဆိုတဲ့ ပွဲတစ်ပွဲမှာ Destiny’s Child အဖွဲ့က အဖွဲ့ဝင်ဟောင်းတွေဟာ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။

Destiny’s Child အဖွဲ့ဆိုတာက R&B ပုံစံ သီချင်းလေးတွေကို သီဆိုတဲ့ အမေရိကန်က လူမည်းမိန်းကလေး သုံးယောက်ပါတဲ့ အဆိုတော်အဖွဲ့ တစ်ဖွဲ့ပါ။ သူတို့အဖွဲ့ဟာ ၁၉၉၀ ခုနှစ်လောက်ကတည်းက စတင်သန္ဓေတည်ခဲ့ပေမယ့် ၁၉၉၇ ခုနှစ်လောက်ကျမှ Destiny’s Child ဆိုတဲ့ နာမည်နဲ့ Mainstream ပေါ်ကို ရောက်လာခဲ့ကြတာပါ။ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူတို့အဖွဲ့ရဲ့ ဒုတိယမြောက် album ဟာ ရောင်းအားအကောင်းဆုံး စာရင်းဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့အဖွဲ့ဟာ အဆိုတော်တိုင်း တပ်မက်တဲ့ Grammy ဆုအတွက် တစ်ကြိုပေးခြင်းကို ၁၄ ကြိမ် ခံခဲ့ရသလို သုံးကြိမ်မှာ ဆုရခဲ့ဖူးတဲ့အပြင် တခြားဆုတွေကိုလည်း ရခဲ့ဖူးပါသေးတယ်။

ဒီကနေ့ R&B လိုင်းမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေသလောက် အသံပါဝါ သိပ်ကောင်းလှတဲ့ Beyonce’ ရဲ့ အဆိုတော် ဘဝအစဟာ Destiny’s Child အဖွဲ့ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ Beyonce’ အနေနဲ့ အခုလို တစ်ကိုယ်တော်ဘဝနဲ့ မအောင်မြင်သေးခင်တုန်းက Destiny’s Child အဖွဲ့ထဲမှာ Kelly Rowland, Michelle Williams စတဲ့ တခြားအဆိုတော်နှစ်ယောက်နဲ့အတူ သီချင်းတွေ ဆိုခဲ့ဖူးတာပါ။

destiny-child

အဖွဲ့ကနေ Beyonce’ ထွက်လို့ တစ်ကိုယ်တော်အဖြစ် ရပ်တည်ပြီးတဲ့နောက်ပိုင်းမှာ သူတို့သုံးယောက်ဟာ သိပ်မတွေ့ဖြစ်ကြတော့တာလည်း အမှန်ပါပဲ။ ကျန်တဲ့ နှစ်ယောက်ကလည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကြိုးစားရပ်တည်နေကြရလို့လည်း ဖြစ်ပါတယ်။

ကျွန်မတို့ဟာ ၂၀၀၀ ခုနှစ်လောက်ကတည်းက တစ်မြို့ထဲမှာ အတူမနေဖြစ်ကြတော့တာရှင့်

Michelle ဟာ Coachella Music & Art ပွဲမှာ E! Daily Pop မီဒီယာရဲ့ အင်တာဗျူးကို ဖြေတုန်းက တမ်းတမ်းတတ ပြောခဲ့ပါတယ်။ သူမက ဆက်ပြီး…

ဘာပဲဖြစ်ဖြစ် အခုတော့ Ladies night ကို ကျွန်မတို့ လုပ်နိုင်ခဲ့ပြီ။ အဲဒါဟာ သိပ်ပျော်စရာ ကောင်းပါတယ်။ ကျွန်မတို့ဟာ စင်ပေါ်မှာတင်မဟုတ်ဘဲ အပြင်မှာပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြပါတယ်။ ကျွန်မတို့ထဲက တစ်ယောက်ယောက်က ကျန်တဲ့နှစ်ယောက်ဆီကို Text Message လေးတွေပို့ပြီး… ဟေး… ငါတော့ ဒီည Coachella Music & Art ပွဲကို သွားမယ်။ ညည်းတို့ရော မသွားဘူးလား။ အတူသွားကြရအောင်လေဟယ်… လို့ ဆိုလိုက်တာနဲ့ ခုညမှာ ဆုံကြတော့တာကိုပဲ ကြည့်လေရှင်”…

လို့ ပြောခဲ့ပါသေးတယ်။

အဲဒီညက Coachella Music & Art ပွဲခင်းထဲမှာ Destiny’s Child ရဲ့ အဖွဲ့သူဟောင်း သုံးယောက်ဟာ ခေတ်ဆန်ကျော့မော့စွာနဲ့ အတူရှိနေခဲ့ကြပါတယ်။ Destiny’s Child အဖွဲ့ကို ရပ်တန့်လိုက်ပြီးတဲ့နောက်မှာ သူတို့သုံးယောက် အတူပြန်ဆုံကြခြင်းဟာ ဒီတစ်ကြိမ်နဲ့မှ သုံးကြိမ်ပဲ ရှိသေးတယ်လို့ ပြောကြပါတယ်။

Coachella Music & Art ပွဲကို အကြောင်းပြုပြီး ပြန်ဆုံဖြစ်ကြတဲ့ Destiny’s Child အဖွဲ့သူဟောင်း သုံးယောက်ဟာ အဲဒီညက အပြတ်လန်းနေခဲ့ကြပါတယ်။ Beyonce’ နဲ့ Michelle တို့ဟာ အမည်းရောင်ဝတ်စုံတွေကို ကျော့မော့စွာ ဝတ်ဆင်လာခဲ့ကြပြီး Kelly ကတော့ တလက်လက်တောက်ပနေတဲ့ ကိုယ်ကျပ်အင်္ကျီကို အောက်မှာဝတ်ပြီး အပေါ်က ကုတ်အင်္ကျီအဖြူရောင်နဲ့ပါ။

DC3

A post shared by Kelly Rowland (@kellyrowland) on

သူတို့သုံးယောက်ဟာ ပြန်တွေ့ကြချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စိမ်းသက်မနေခဲ့ကြဘဲ ရယ်စရာ မောစရာတွေပြောရင်း ရင်းရင်းနှီးနှီးဟန်တွေ ရှိနေခဲ့ကြဆဲပါပဲ။ ပြီးတော့ ပွဲခင်းထဲမှာ သုံးယောက်တွဲလို့ ဓာတ်ပုံလှလှလေးတွေရိုက်ရင်း အဲဒီပုံတွေကို Instagram ပေါ်မှာ အသီးသီး တင်ခဲ့ကြပါသေးတယ်။

သူတို့သုံးယောက်ဟာ ဘယ်လိုပဲဆုံဆုံ၊ ဘာကြောင့်ပဲ ဆုံဆုံပေါ့။ တစ်ချိန်တုန်းက အင်မတန်အောင်မြင်ခဲ့တဲ့ Destiny’s Child အဖွဲ့သူတွေ ပြန်လည်ဆုံတွေ့ခဲ့ကြခြင်းဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်ဟောင်းတွေအတွက် အတိတ်နေ့ရက်တွေကို ပြန်လည်အောက်မေ့တမ်းတဖွယ်ရာ ဖြစ်နိုင်ကြသလို ဝမ်းသာကြည်နူးစရာလည်း ဖြစ်လို့နေနိုင်ကြမှာ အမှန်ပါပဲ။ ။

Leave a Reply

Your email address will not be published. Required fields are marked *