Big bag Hardcore fan တွေရဲ့ အလန်းစား fan art တွေ

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မိတ်ဆက်ပြီး မနေ့က officially released လုပ်ပေးခဲ့တဲ့ Big Bag ရဲ့ သတိရတယ် animated music video လေးဟာ fan တွေအတွက် တကယ်ကို အားရကျေနပ်စေခဲ့တဲ့ AMV လေးတစ်ခုဖြစ်ခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ (၅.၄.၂၀၁၈ – မနက် ၁၀နာရီ) facebook ပေါ်မှာကြည့်သူပေါင်း ၂၀၀,၀၀၀ ကျော်ရှိခဲ့ပြီး share ပေါင်း တစ်သိန်းရှစ်သောင်းကျော်နဲ့ ပန်းပန်နေပါတယ်။


ဒီ သတိရတယ် music video ကို Pencell Studio ကဖန်တီးရေးဆွဲပေးထားပြီး အချိန် ၅လကျော်ကြာအောင် ဖန်တီးထားခဲ့ရတယ်လို့သိရပါတယ်။ သာမန် music video တွေနဲ့ video တစ်ကားကို သုံးရက်လောက်နဲ့ရိုက်ကူးထုတ်လုပ်နေကြတဲ့ကာလမှာ ဒီလို music video တစ်ခုအတွက် အချိန်တွေရင်းပြီးလုပ်ထားတာဟာ အနုပညာချစ်စိတ်နဲ့ ပရိသတ်ကိုတစ်ခုခုပေးချင်တဲ့စေတနာကြောင့်ဆိုတာကို ခံစားမိစေပါတယ်။

Big Bag ရဲ့ hard-care fan တွေကလဲ သူတို့ရဲ့ idol ကိုဘယ်လိုပြန်ပြီး အားပေးကြမ်းလဲဆိုတာကို Big Bag Forever (Official Fan Club) မှာ တင်ထားတဲ့ သူတို့တွေရဲ့ fan art တွေကို ကြည့်ရရုံနဲ့ သိသာပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး အံ့အားသင့်စရာကောင်းလောက်အောင် တော်ကြတဲ့ သူတို့ရဲ့ fan art လေးတွေကို အောက်မှာပြထားပေးပါတယ်နော်။

All images credit to the original owner.

Leave a Reply

Your email address will not be published. Required fields are marked *