‘Last Dance’ သီချင်းလေးနဲ့ ပရိသတ်တွေကိုနှုတ်ဆက်ခဲ့တဲ့ Big Bang

Big Gang အဖွဲ့သားတွေဟာ မကြာမီမှာ စစ်မှုထမ်းရတော့မှာဖြစ်တဲ့အတွက် အဖွဲ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ခဏတာရပ်နားထားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ပရိသတ်တွေကိုနှုက်ဆက်တဲ့အနေနဲ့ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတစ်ဝန်းမှာ “Last Dance Tour” ကိုပြုလုပ်ခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့မှာ Fukuoka ကနေစတင်ခဲ့တဲ့ အဲဒီ tour ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ Seoul မှာအဆုံးသတ်သွားခဲ့ပါတယ်။

ယမန်နေ့မှာတော့ Entertainment Network တစ်ခုဖြစ်တဲ့ tvN က Big Bang ရဲ့ Seoul မှာပြုလုပ်ခဲ့တဲ့ပွဲရဲ့ နောက်ဆုံး moment လေးကို ပြသသွားခဲ့ပါတယ်။ Big Bang ဟာ သူ့ကိုချစ်တဲ့ပရိသတ်တွေကို ‘Last Dance’ သီချင်းလေးနဲ့နှုတ်ဆက်သွားတာက တကယ်ကိုရင်ထဲအထိရောက်စေပါတယ်။ လေလှိုင်းထဲကနေတစ်ဆင့်ကြည့်ရတဲ့ကိုယ်တွေတောင် ဒီလောက်ဖြစ်နေရင် အဲဒါကို live ကြည့်ခဲ့ရတဲ့သူတွေကတော့ ဆိုဖွယ်ရာမရှိတော့ပါဘူး.. စင်အောက်ကပရိသတ်တွေ မျက်ရည်အဝဲသားနဲ့ သီချင်းကိုလိုက်ဆိုနေကြတာဟာ သူတို့ရဲ့ Big Bang အဖွဲ့သားတွေအပေါ်ထားရှိတဲ့မေတ္တာကို ထင်ဟပ်နေစေပါတယ်။ ကိုယ်တွေသာ အဲဒီ venue ထဲမှာရှိနေခဲ့မယ်ဆိုရင် ချုံးပွဲချငိုမိမလားပါပဲ။ Big Bang ရဲ့ လွမ်းဆွတ်ဖွယ်ကောင်းတဲ့ ‘Last Dance’ သီချင်းဖျော်ဖြေမှုလေးကို အောက်ကဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *