အချိန်တိုအတွင်း`Real-time Charts´ မှာ နံပါတ်”တစ်”ရခဲ့တဲ့ Bigbang ရဲ့”Flower Road”

Bigbang အဖွဲ့ကနေပြီး မတ်လ၁၃ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ၆နာရီအချိန်မှာ ထုတ်လွှင့်ခဲ့တဲ့ `Flower Road´ ဆိုတဲ့ New Track လေးကတော့ `Real-time Chart´ မှာ နံပတ်၁နေရာကိုအချိန်တိုအတွင်းရောက်ရှိလာခဲ့ပါတယ်။

`Flower Road´ သီချင်းလေးကတော့ Bigbang အဖွဲ့သားတွေအတူတူ `MADE´ ဆိုတဲ့ Album ကိုပြင်ဆင်နေကြချိန်မှာရေးသားထားခဲ့တဲ့သီချင်းလေးဖြစ်ပြီး Features lyrics ကိုတော့ G-dragon နဲ့ T.O.P တို့နှစ်ဦးပူးပေါင်းရေးသားထားကြတာပဲဖြစ်ပါတယ်။ အချိန်အနည်းငယ်အတွင်းမှာပဲ ကိုးရီးယားနိုင်ငံရဲ့အဓိကရုပ်သံလိုင်း `Real-time Chart´ ၆ခုဖြစ်တဲ့ Melon, Genie, Bugs, Mnet, Naver နဲ့ Soribada ရုပ်သံတွေမှာလည်း ထိပ်ဆုံးကိုရောက်သွားခဲ့ပါတယ်။

ဒီသီချင်းလေးထဲမှာ ပန်းတွေပွင့်လာတဲ့အချိန်မှာ တစ်ခါပြန်ပြီးတွေ့ဆုံကြမယ်ဆိုပြီး ကတိပေးထားတာကိုတွေ့မြင်ရမှာပါတယ်။ Bigbang အဖွဲ့သားတွေအနေနဲ့ ပရိသတ်တွေကိုရော အဖွဲ့သားအချင်းချင်းအနေနဲ့ရော ကတိပေးလိုက်တဲ့ သဘောပေ့ါနော်။ ဒီသီချင်းလေးကတော့`YG Entertainment´ မှနေပြီး Bigbang Fan တွေအတွက် Special Gift အနေနဲ့ မတ်လ၁၃ရက်နေ့မှာ Surprise လုပ်ခဲ့တယ်လို့ဆိုလာပါတယ်။

2018 년 새해 복 많이 받으세요 사랑합니다.

A post shared by Lee seung ri (@seungriseyo) on

`Flower Road´ သီချင်းလေးထဲမှာ “အခုကအဆုံးသတ်မဟုတ်သေးပါဘူး၊ ပန်းတွေပွင့့်လာတဲ့အခါကြရင်တခါပြန်ပြီးတွေ့ဆုံကြရအောင်” ဆိုပြီး Bigbang အဖွဲ့ရဲ့ Fan တွေအပေါ်ပြောချင်တဲ့စကားလေးတွေကိုထည့်သွင်းရေးသားထားပါတယ်။ Bigbang ရဲ့အဖွဲ့ဝင်လေးယောက်က အခုဆိုရင် စစ်မှုထမ်းတာဝန်တွေကိုအသီးသီးထမ်းဆောင်နေကြပြီး အငယ်ဆုံးလေး Seungri ကလည်းသူ့ရဲ့ Solo Promotion ပြီးတဲ့အခါမှာစစ်မှုထမ်းတာဝန်ကိုထမ်းဆောင်ဖို့အစီစဉ်ရှိနေပါတယ်။

Fan တွေကတော့ Bigbang တစ်ဖွဲ့သားလုံးကို စင်မြင့်ထက်မှာအတူတကွမြင်တွေ့ရနိုင်ဖို့ အနည်းဆုံး ၃နှစ်လောက်စောင့်ရပါတော့မယ်။ Bigbang ရဲ့ တကယ့်စိတ်ရင်း နှလုံးသားနဲ့ခံစားရေးဖွဲ့ထားတဲ့ `Flower Road´ သီချင်းလေးကို နားထောင်ပြီး Member တွေနဲ့ထပ်တူခံစားစီးမျောကြည့်လိုက်ရအောင်နော်……..

Leave a Reply

Your email address will not be published. Required fields are marked *