Bigbang အဖွဲ့ဝင် Daesung လည်း စစ်မှုထမ်းဖို့ရက်ကို Confirm လုပ်ခဲ့

Daesung ကတော့ Bigbang ရဲ့ ဆွဲဆောင်မှုကောင်းကောင်းနဲ့သီဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဆိုတာ ပရိသတ်ကြီးသိတယ်ဟုတ်။ မတ်လ ၅ ရက်နေ့က Daesung က သူ့ရဲ့ Fan တွေကို သူဒီလထဲမှာပဲ စစ်မှုထမ်းသွားရတော့မယ်ဆိုတာ အသိပေးခဲ့ပါတယ်။ အခြား Bigbang အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပူပူနွေးနွေးလေး မင်္ဂလာဆောင်ပြီးလို့ မိန်းမချောချောလေးရထားတဲ့ Taeyang နဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ စစ်တပ်ထဲကို စစ်မှုထမ်းဖို့သွားရမှာပဲဖြစ်ပါတယ်။

Daesung က မတ်လ ၁၃ ရက်နေ့မှာ စစ်မှုထမ်းဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ Daesung တစ်ယောက် ၂၀၁၇ တစ်နှစ်လုံး အရမ်းကိုအလုပ်တွေများခဲ့ပါတယ်။ သူ့ရဲ့ Solo Album လည်းထုတ်ခဲ့တယ်.. ပြီးတော့ Japan နိုင်ငံရဲ့ မြို့ကြီး ၁၈ ခုမှာလည်း ဖျော်ဖြေပွဲတွေကျင်းပခဲ့တယ်။ သူက D-lite ဆိုတဲ့အနုပညာနာမည်နဲ့ ဂျပန်နိုင်ငံမှာကျော်ကြားခဲ့ပါသေးတယ်။ Daesung က သူ့ရဲ့ Solo Tour တွေနဲ့သာအလုပ်များခဲ့တာမဟုတ်ဘဲ Bigbang ရဲ့တခြားအဖွဲ့ဝင်တွေနဲ့အတူ ဖျော်ဖြေပွဲတွေအများကြီးကိုလည်း ကျင်းပခဲ့ပါတယ်။ ဒါတွေကိုကြည့်ပြီးတော့ Daesung တစ်ယောက် ၂၀၁၇ ခုနှစ်တလျှောက်လုံးကို အလုပ်တွေအရမ်းကြိုးစားပြီး ပရိသတ်ကြီးနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တာကို သိမြင်ကြရမှာပါ။

အဖွဲ့ဝင် ငါးဦးပါဝင်ဖွဲ့စည်းထားတဲ့ Bigbang အဖွဲ့မှာ ၃ ဦးကတော့ ရှေ့ဆင့်နောက်ဆင့်ပဲ စစ်မှုထမ်းတာဝန်တွေ အသီးသီးချမှတ်ခံခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကမှ GD လေးက စစ်တပ်ထဲဝင်သွားခဲ့တယ်။ ခု Daesung နဲ့ Taeyang တို့နှစ်ဦးကလည်း မတ်လထဲမှာ စစ်မှုထမ်းရမယ်။ T.O.P ကလည်း လူထုအကျိုးပြုတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။ အငယ်ဆုံးလေးဖြစ်တဲ့ Seungri ကလည်း ၂၀၁၈ နှစ်ဝက်လောက်မှာထွက်မယ့် သူ့ရဲ့ Solo Album အတွက်အလုပ်တွေရှုပ်နေပါတယ်တဲ့။ YG Entertainment က “Seungri လေးက တခြားအဖွဲ့ဝင်တွေနဲ့အတူ တစ်ချိန်ထဲစစ်မှုထမ်းချင်ခဲ့ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ ‘Love Only’ ဆိုတဲ့တရုတ်ရုပ်ရှင်ကားအတွက် အချိန်ပေးနေရပြီး Solo Album အတွက် Schedule တွေအပြည့်ဖြစ်နေတာကြောင့် အတူစစ်မှုထမ်းဖို့ခက်ခဲခဲ့ပါတယ်။ Seungri ကတော့ သူ့ရဲ့ Schedule တွေအကုန်ပြီးသွားတဲ့အချိန်မှာ စစ်မှုထမ်းဖို့ ပြင်ဆင်မှာဖြစ်ပါတယ်” လို့ ပြောပြလာခဲ့ပါတယ်။

ဒီနှစ် ၂၀၁၈ ခုနှစ်ကြီးကတော့ Bigbang ရဲ့ Fan လေးအတွက် စိတ်မကောင်းဖြစ်စရာနှစ်လေးဆိုရင်လည်း မမှားပါဘူး။ ကိုယ့်ရဲ့ Idol တွေအားလုံး တိုင်းပြည်အတွက်အကျိုးပြုနေချိန်ဆိုတော့လည်း Fan လေးတွေကပဲ နားလည်ခွင့်လွှတ်ပြီး အရင်ကထက်ပိုအားပေးလိုက်ကြရအောင်နော်…။

A post shared by TAEYANG (@__youngbae__) on

Ref: (1), (2)

Leave a Reply

Your email address will not be published. Required fields are marked *