BIGBANG ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Seungri ဟာ ‘I Live Alone’ ဆိုတဲ့အစီစဉ်မှာ ပါဝင်ရိုက်ကူးဖို့အတွက် သဘောတူညီခဲ့

BIGBANG ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပရိတ်သတ်ကြီးတို့ရဲ့အချစ်တော်လေး Seungri ဟာ MBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသနေတဲ့ ‘I Live Alone’ အစီစဉ်မှာပါဝင်ရိုက်ကူးဖို့ သဘောတူညီခဲ့ပါတယ်။

‘I Live Alone’ ဆိုတာကတော့ MBC ကနေထုတ်လွှင့်ပြသနေတဲ့ Reality Show အစီစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီအစီစဉ်လေးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တို့ရဲ့ နေ့စဉ် Real Life လေးတွေကို ရိုက်ကူးထုတ်လွှင့်ပြသပေးနေတဲ့ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုတွေရရှိနေတဲ့ အစီစဉ်လေးတစ်ခုဆိုလည်း မမှားပါဘူး။ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ ‘I Live Alone’ အစီစဉ်ရဲ့သတင်းဌာနမှ Seungri ရဲ့ ရိုက်ကူးရေးသဘောတူညီမှုနဲ့အတူ Seungri ဟာ သူ့ရဲ့ နေထိုင်မှုပုံစံလေးတွေကို March လအစောပိုင်းလောက်မှာ ရိုက်ကူးထုတ်လွှင့်ပြသမည့့်အကြောင်းပါ ပရိတ်သတ်ကြီးကို အသိပေးပြောကြားခဲ့ပါတယ်။

Seungri ဟာ ‘I Live Alone’ အစီစဉ်မှာ BIGBANG အဖွဲ့ရဲ့ဒုတိယမြောက် ပါဝင်ရိုက်ကူးသူပဲဖြစ်ပါတယ်။ Taeyang ကတော့ BIGBANG ရဲ့ ပထမဦးဆုံးပါဝင်ရိုက်ကူးရေးလုပ်သူတစ်ဦးပါ။ သူ့ရဲ့ နောက်ဆုံး Episode ကို နွေရာသီအကုန်လောက်မှာထုတ်လွှင့့်ပြသခဲ့ပါတယ်။ Taeyang ရဲ့ ‘I Live Alone’ ရိုက်ကူးရေးအချို့မှာ Seungri က ဧည့်သည်အနေနဲ့ မကြာခဏပါဝင်ခဲ့ဖူးပါတယ်။ Seungri က Taeyang ရဲ့ ရိုက်ကူးရေးတွေမှာ ကြည့်ရှုသူတွေအတွက် အရမ်းကိုရယ်မောဖွယ်၊ ပျော်ရွှင်ဖွယ်တွေဖြစ်စေခဲ့တော့ Seungri ရဲ့ ‘I Live Alone’ အစီစဉ်လေးကိုကြည့်ရှုဖို့အတွက် ပရိသတ်ကြီးရင်ခုန်နေတယ်ဟုတ်… ??

A post shared by Lee seung ri (@seungriseyo) on

A post shared by Lee seung ri (@seungriseyo) on

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *