Billboard Music Awards 2018 ရဲ့ ဆန်ခါတင်စာရင်းများထွက်ပေါ်လာ

တေးဂီတနဲ့ပတ်သက်လာရင် ပရိသတ်တွေအတွက်သာမက အနုပညာရှင်တွေပေါ်မှာလည်း လွှမ်းမိုးနိုင်လွန်းတဲ့ Billboard Music Awards ဆုပေးပွဲကြီးအတွက် ဆန်ခါတင်စာရင်းကို ၁၇/၄/၂၀၁၈ ရက်နေ့မှာ တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တစ်နှစ်တာလုံးမှာ အောင်မြင်ကျော်ကြားခဲ့ကြတဲ့အဆိုရှင်တွေထဲကမှ Ed Sheeran, Kendrick Lamar နဲ့ Bruno Mars တို့က ဆန်ခါတင် ၁၅ ဆုဆီနဲ့ ဉီးဆောင်နေကြပြီး Top Artist အနေနဲ့ အခုပြောခဲ့တဲ့သုံးယောက်အပါအဝင် Drake နဲ့ Taylor Swift တို့ အားပြိုင်နေကြပါတယ်။ ဒုတိယအများဆုံးကတော့  Post Malone က ၁၃ ဆု၊  Imagine Dragons က ၁၂ ဆုနဲ့ တတိယနေရာကိုယူထားကြပါတယ်။ Drake ကတော့ ကိုးဆုဆန်ခါတင်ပါထားပြီး ဒီနှစ်ထဲနာမည်ကြီးလာတဲ့ Cardi B ကတော့ Justin Bieber နဲ့အပြိုင် ၈ဆု ဆန်ခါတင်ပါနေပါတယ်။ ဝမ်းနည်းစရာကောင်းတာတစ်ခုက Taylor Swift လေးတစ်ယောက်တော့ ဒီနှစ်မှာ ၅ ဆုပဲဆန်ခါတင်ထဲပါတာပါ။ အားလုံးနှုတ်ဖျားမှာစွဲနေတဲ့ Despacito ကတော့ ဆန်ခါတင် ၇ဆုတောင်ပါထားပါတယ်။

Top New Artist မှာတော့ Cardi B, Khalid, Camila Cabello, 21 Savage နဲ့ Kodak Black တို့ ဆန်ခါတင်ရွေးချယ်ထားခံရပြီး Cardi B နဲ့ Camila Cabello တို့ အားပြိုင်ကြမယ်လို့ ထင်မိပါတယ်။ ထူးထူးခြားခြား ဒီနှစ်မှာတော့ Rap အဆိုတော်တွေတော်တော်များများရွေးချယ်ခံရတာကို တွေ့ရတာမို့ မြန်မာနိုင်ငံမှာလဲ တကယ်ကောင်းတဲ့ Rap တွေကို နေရာတစ်နေရာပေးရင်တော့ ကောင်းမှာပဲလို့ တွေးမိပါတယ်။ (အတွေးသက်သက်ပါနော် လာမဆဲရ ?)

Billboard Music Awards ဆုပေးပွဲကိုတော့ မေလ ၂၀ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Host အနေနဲ့ Kelly Clarkson ကပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ (Kelly ကတော့ ဝတ်စုံ ၂၀ ပြင်ထားမယ်တဲ့နော် ?) ဆန်ခါတင်စာရင်းအစအဆုံးဆို အရမ်းရှည်သွားမှာစိုးလို့ နည်းနည်းစီခွဲတင်ပေးမယ်နော်။

Top Artist:
Drake
Kendrick Lamar
Bruno Mars
Ed Sheeran
Taylor Swift

Top New Artist:
21 Savage
Camila Cabello
Cardi B
Khalid
Kodak Black

Billboard Chart Achievement Award:
Camila Cabello
Cardi B
Drake
Sam Hunt
Ed Sheeran

Top Male Artist:
Drake
Kendrick Lamar
Bruno Mars
Post Malone
Ed Sheeran

Top Female Artist:
Camila Cabello
Cardi B
Halsey
Demi Lovato
Taylor Swift

Top Duo/Group:
The Chainsmokers
Coldplay
Imagine Dragons
Migos
U2

Top Billboard 200 Artist:
Drake
Kendrick Lamar
Ed Sheeran
Chris Stapleton
Taylor Swift

Top Hot 100 Artist:
Imagine Dragons
Kendrick Lamar
Bruno Mars
Post Malone
Ed Sheeran

Top Streaming Songs Artist:
Cardi B
Drake
Kendrick Lamar
Post Malone
Ed Sheeran

Top Song Sales Artist:
Imagine Dragons
Kendrick Lamar
Bruno Mars
Post Malone
Ed Sheeran

စာရင်းအပြည့်အစုံကိုတော့ ဒီမှာ ကြည့်လို့ရပါတယ်နော်။

 

Leave a Reply

Your email address will not be published. Required fields are marked *