Billboard 200 Chart မှာ နံပါတ် ၁ နဲ့ပွဲထွက်လာတဲ့ ‘Black Panther: The Album’

ဒီရက်ပိုင်း Entertainment မီဒီယာ လောကထဲမှာ Hot အဖြစ်ဆုံးခေါင်းစဉ်ကိုပြောဆိုရင် လွယ်လွယ်ကူကူ Black Panther ကို လက်ညှိုးထိုးပြလိုက်ရုံပါပဲ.. အများကြီးတောင်စဉ်းစားစရာမလိုပါဘူး။ အဲဒီလောက် Hot ဖြစ်နေတဲ့ ဇာတ်ကားရဲ့ဇာတ်ဝင်သီချင်းတွေကို US မှာ Hot အဖြစ်ဆုံး Rapper ကြီး Kendrick Lamar ကိုယ်တိုင်ဖန်တီးပေးထားတာဆိုတော့ အဲဒီသီချင်းတွေမှ Billboard Chart ထိပ်ဆုံးကိုမရောက်ရင် ဘယ်သီချင်းမှ ရောက်စရာအကြောင်းမရှိတော့ပါဘူး။

ခန့်မှန်းထားတဲ့အတိုင်းပါပဲ.. Black Panther ရုပ်ရှင်ရဲ့ဇာတ်ဝင်သီချင်းတွေပါဝင်တဲ့ Black Panther: The Album ဟာ debut လုပ်တဲ့ရက်သတ္တပတ်မှာပဲ Billboard 200 Chart မှာ နံပါတ် ၁ နေရာနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီ album ဟာ ပထမရက်သတ္တပတ်အတွင်း unit ပေါင်း ၁၅၄,၀၀၀ ရောင်းချရပြီး နံပါတ် ၁ နေရာကိုရရှိခဲ့တာဖြစ်ကာ ဒါဟာ Soundtrack Album တစ်ခုအနေနဲ့ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကာလအတွင်း ရောင်းအားအမြင့်ဆုံးဖြစ်ပါတယ်။

ဒီ Album ဟာ Marvel Cinematic Universe သမိုင်းမှာ ပထမဦးဆုံးအကြိမ် ရုပ်ရှင်အတွက်ရည်ရွယ်ပြီး သီးသန့်သီချင်းတွေ ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ အခြား MCU ဇာတ်ကားတွေမှာဆိုရင် နဂိုရှိပြီးသားသီချင်းတွေကို အလျင်းသင့်သလို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒီ Album ထဲမှာ Kendrick Lamar ကိုယ်တိုင် ပြုစုဖန်တီးထားတဲ့ သီချင်းပေါင်း ၁၄ ပုဒ်ပါဝင်တာဖြစ်ပြီး အဲဒီထဲက ၃ ပုဒ်က Black Panther ရုပ်ရှင်ထဲမှာ ပါဝင်ပါတယ်။ အထင်ရှားဆုံးတစ်ပုဒ်ကိုပြောပါဆိုရင် ရုပ်ရှင်ရဲ့ Credit Song ဖြစ်တဲ့ All The Stars ကို ညွှန်းရမှာပါ။ Kendrick Lamar နဲ့ SZA တို့ပူးတွဲသီဆိုထားတဲ့ အဲဒီသီချင်းဟာ Pop ဆန်ဆန်လေးမို့ Hip Hop တွေသိပ်နားမထောင်တတ်သူတွေတောင် နှစ်သက်ကြလောက်မယ့်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *