ထူးခြားတဲ့ အစီအစဉ်သစ်တွေနဲ့အတူ ထပ်မံတွေ့ရှိရဦးမယ့် BLOODSTOCK 2018

BLOODSTOCK ပွဲစီစဉ်သူတွေကတော့ ဒီနှစ်ရဲ့ heavy metal ပွဲမှာ ပါဝင်ဆင်နွှဲမယ့် Band တွေရဲ့ နာမည်စာရင်းကို နောက်ဆုံးအကြိမ် ထုတ်ပြန်ကြေငြာလိုက်ပါပြီ။ ဒီ Bloodstock  metal 2 ပွဲမှာ ပါဝင်ဖို့အတွက် ပါဝင် ယှဉ်ပြိုင်ကြတဲ့ band တွေထဲကမှ အနိုင်ရသူတွေသာ ပါဝင်ဆင်နွှဲခွင့်ရတာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ခွင့်ရတဲ့ band တွေထဲက အနိုင်ရှိခဲ့တဲ့ အဖွဲ့ ၈ဖွဲ့ကိုတော့ ပြီးခဲ့တဲ့ မေလတုန်းက ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ band အဖွဲ့တွေကတော့ Pelugion, A Ritual Spirit, Aonia, Negative Thought Process, Oracle, This Place Is Hell, Sellsword တို့အပါအဝင် Obzidian တို့ပဲဖြစ်ပါတယ်။

 

ဒီ band ၈ဖွဲ့ဟာ ပြီးခဲ့တဲ့ June နဲ့ ယခု July လတွေမှာလည်း အခြားအခြားသော ပွဲအစီအစဉ်တွေနဲ့ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခုနောက်ဆုံးအနေနဲ့ Blood stock festival မှာ ထပ်တိုးဖျော်ဖြေမယ့်  band နောက်ဆုံးတစ်သုတ်ရဲ့ နာမည်ကို ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်ပါတယ်။ ထို band တွေကတော့ Garshkott, Sertraline, Body Harvest, Trivax, The Brood, Luna’s Call, Earthbound, Imminent Annihilation, Dead Before Mourning, Damaged Reich, Callus, Untamed, Cranial Separation နဲ့ Def Goldblum တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင်ပွဲစီစဉ်သူတွေဟာ စင်ပေါ်မှာ နောက်ဆုံးဖျော်ဖြေတင်ဆက်တဲ့ band ထွက်သွားတာနဲ့ နောက်ထပ်တင်ဆက်မယ့် ထပ်တိုးဖျော်ဖြေရေးအစီအစဉ်သစ်တွေကိုလည်း ကြေငြာထားပါသေးတယ်။ UK ရဲ့ အကြီးဆုံး metal ပွဲဖြစ်တဲ့ bloodstock ဟာ လာမည့် August 9 ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ပွဲကျင်းပမယ့်နေရာကတော့ England ရဲ့ Lichfield, Burton on Trent နဲ့ Tamworth စတဲ့ မြို့၃မြို့တို့ရဲ့ အရှေ့ဘက် အလယ်မှာတည်ရှိတဲ့ catton park မှာကျင်းပမှာ ဖြစ်ပါတယ်။

 

ပွဲလက်မှတ်တွေကတော့ ယခုအချိန်မှာ ယူရိုငွေ ၁၂ဝကနေစတင်ပြီး ကမ္ဘာတစ်ဝှမ်းက metal band တွေအပါအဝင် fanတိုင်းမျှော်လင့်စောင့်စားနေတဲ့ ပွဲကြီးပွဲကောင်း တစ်ခုပါပဲ။ ပွဲရဲ့ ညတစ်ညစီတိုင်းဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ၁ဝစုနှစ်ပေါင်းများစွာက metal နဲ့ Rock band တွေရဲ့ အမျိုးမျိုးသော Dj တင်ဆက်မှုတွေကိုပါ ခံစားရမယ့် လက်မလွှတ်သင့်သောပွဲကောင်းတစ်ခုပါ။ ပွဲရဲ့ အစီအစဉ်မှူးအဖြစ် ဟာသမင်းသား Andrew O’Neill ကပါဝင်အားဖြည့်ထားပြီး 2005 ခုနှစ်မှစတင်ပြီး ယခုအချိန်ထိ အောင်မြင်မှုသရဖူကိုဆောင်းနိုင်ခဲ့တဲ့ bloodstock metal ပွဲကြီးပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *