BoA ရဲ့အသစ်စက်စက် MV ‘Jazzclub’

Queen of K-Pop လို့တင်စားခေါ်ဝေါ်ခံရတဲ့ K-Pop/J-Pop အဆိုတော် BoA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Jazzclub လို့အမည်ရတဲ့ သူမရဲ့အသစ်စက်စက် MV ကို release လုပ်ပေးခဲ့ပါတယ်။ Jazzclub သီချင်းဟာ ၂၀၁၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထွက်ရှိမယ့် သူမရဲ့ ၉ ခုမြောက် ဂျပန် album ဖြစ်တဲ့ 私このままでいいのかな (Watashi Konomama de Iinokana) မှာပါဝင်မယ့်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

ဒီ MV ရဲ့အစမှာ New York မြို့ကိုရောက်ရှိနေတဲ့ BoA ဟာ သူ့မိတ်ဆွေတစ်ယောက် မင်္ဂလာဆောင်တဲ့အကြောင်း စကားပြောကြပြီးတဲ့နောက် Jazz Club တစ်ခုဆီကိုရောက်ရှိသွားပါတယ်။ အဲဒီနောက်မှာတော့ သူမရင်ထဲကခံစားချက်တွေကို မြူးမြူးကြွကြွသံစဉ်တွေ၊ သွက်သွက်လက်လက်ရှိတဲ့ကကွက်တွေနဲ့ သရုပ်ဖော်ထားတာမို့ နားထောင်လိုက်တာနဲ့ လိုက်ကချင်စိတ်ပါပေါက်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *