K-Pop အဖွဲ့တွေထဲမှာ ပထမဆုံး Billboard Pop Songs Chart ထဲပါဝင်တဲ့အဖွဲ့အဖြစ် မှတ်တမ်းဝင်သွားတဲ့ BTS

BTS ကတော့ စံချိန်အသစ်တစ်ခုထပ်တင်သွားပြန်ပါပြီ။ BTS ဟာ ဒီဇင်ဘာ ၂၃ ရက်အထိရက်သတ္တပတ်ရဲ့ Billboard Pop Songs Chart ထဲကို သူ့ရဲ့ MIC Drop သီချင်းနဲ့ဝင်ရောက်သွားခဲ့ပါတယ်။ MIC Drop ဟာ chart ထဲဝင်ဝင်ချင်းမှာ နံပါတ် ၃၇ နေရာကနေဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာနောက်ဆုံးပတ်ရဲ့ chart မှာတော့ နံပါတ် ၃၁ နေရာအထိတက်သွားခဲ့ပါတယ်။

BTS အရင် Billboard Pop Songs Chart ထဲဝင်ရောက်ဖူးတဲ့ ကိုရီးယားအနုပညာရှင်ကတော့ PSY ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်းက သူ့ရဲ့ Gangnam Style သီချင်းနဲ့ နံပတ် ၁၀ နေရာကိုရောက်ရှိခဲ့ပါတယ်။ အဲဒီတော့ BTS ဟာ Pop Songs Chart ထဲဝင်ရောက်ဖူးတဲ့ ဒုတိယမြောက်ကိုရီးယားအနုပညာရှင်ဖြစ်လာပြီး အဖွဲ့တစ်ခုအနေနဲ့ဆိုရင် ပထမဆုံးအဖွဲ့ဖြစ်လာပါတယ်။

ဒါဟာ Billboard Chart ရဲ့ ၂၅ နှစ်သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်တာမို့ ဒီလိုဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ BTS ကို ချီးကျူးရမှာပါ။ ၂၀၁၈ ထဲမှာလည်း သူတို့ရဲ့အနုပညာလုပ်ငန်းတွေအောင်မြင်ဖို့နဲ့ ဒီလိုမျိုးစံချိန်အသစ်တွေဆက်တင်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref: Billboard

Leave a Reply

Your email address will not be published. Required fields are marked *