Promise သီချင်းနဲ့ Soundcloud ရဲ့ Record ကို ချိုးခဲ့တဲ့ BTS ရဲ့ Jimin

BTS အဖွဲ့ရဲ့ Smile လေးဖြစ်တဲ့ Jimin ကသူ့ရဲ့ သီချင်းအသစ်လေးကို 2018 နှစ်မကုန်ခင်မှာ ပရိသတ်တွေဆီအရောက်ပို့ပေးခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ Promise ပါ။ ဒီ Promise သီချင်းလေးထွက်ထွက်ချင်းတုန်းက Twitter တစ်ခုလုံးလည်း #PromisebyJimin ဆိုတဲ့ Hashtag လေးက ခေတ်စားသွားခဲ့သေးပါတယ်။ Bon Voyage Seanson 3 မှာထဲက Jimin က သူရေးနေတဲ့ သီချင်းတစ်ပုဒ်ရှိတယ်ဆိုတာကို ပြောသွားပါတယ်။ အဲ့သီချင်းက အခု Promise သီချင်းလေးဖြစ်မယ်ဆိုပြီးတော့လည်း ARMY တွေက ခန့်မှန်းနေကြပါတယ်။

သီချင်းလေးက တကယ့်ကို အေးအေးလေးဖြစ်ပြီးတော့ ဒီသီချင်းလေးကို Jimin ကိုယ်တိုင်က ရေးသားခဲ့တာပါ။ တချို့စာသားနေရာလေးတွေမှာတော့ Leader ကြီး RM က ပါဝင်ပြီး ရေးပေးခဲ့ပါသေးတယ်။ သီချင်းလေးက တကယ့်ကို အဓိပ္ပာယ်လေးလည်း ရှိပါတယ်။ ARMY တွေကတော့ ဒီသီချင်းလေးက Jimin က သူ့အတွက် သူရေးထားတဲ့ သီချင်းလေးလို့လည်းပြောနေကြပါတယ်။

အခုဆိုရင်တော့ Promise သီချင်းက Music Network တစ်ခုဖြစ်တဲ့ Soundcloud မှာ Stream အများဆုံး သီချင်းတစ်ပုဒ်ဖြစ်သွားပါပြီ။ ဒါဟာဆိုရင်လည်း BTS အဖွဲ့လိုက်အနေနဲ့ မဟုတ်ပဲနဲ့ Jimin တစ်ယောက်တည်းချိုးနိုင်ခဲ့တဲ့ စံချိန်တစ်ခုပဲဖြစ်ပါတယ်။ စစဦးဆုံးထွက်တဲ့ 24 နာရီအတွင်းမှာ 8.5 millions stream နဲ့ Record ချိုးနိုင်ခဲ့တာပါ။  အရင်တုန်းက စံချိန်ချိုးထားတဲ့သူကတော့ Drake ဖြစ်ပြီးတော့ Duddy Freestyle သီချင်းနဲ့ပါ။ 4.9 millions ရရှိခဲ့ပါတယ်။

 

 

약속 By JIMIN Of BTS – SoundCloud
Listen to 약속 By JIMIN Of BTS by BTS #np on #SoundCloud

Leave a Reply

Your email address will not be published. Required fields are marked *