ARMY တွေရဲ့ Twitter တခွင် ပြဲပြဲစင်ခဲ့တဲ့ BTS Jin ရဲ့ ကိုယ်တိုင် Hair Stylist လုပ်ခဲ့တဲ့ Video

မှန်ရှေ့မှာ ဆံပင်ကို ကိုယ်တိုင်ညှပ်ပြပြီး ကွကိုယ်သဘောတွေကျနေတာ ကိုယ်တော်ချောက ?

BTS ရဲ့ official Twitter မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တင်ခဲ့တဲ့ မီးဖိုချောင်သုံး ကတ်ကြေးနဲ့ ကိုယ့်ဆံပင်ကို ကိုယ့်ကိုကိုယ်ညှပ်တဲ့ Jin ရဲ့ Video ဟာဆိုရင် ARMY တွေရဲ့ Twitter တစ်ခွင် ပြဲပြဲစင်ခဲ့တဲ့အထိ နာမည်ကြီးခဲ့ပါတယ်။ ( ညှပ်တဲ့ကတ်ကြေးကလဲ နဲနဲနောနောလား ?)

ယူက ဒါမျိုးလည်းရတာပဲလားနော်? ?

BTS ရဲ့ Hair Stylist ကတော့ မကြာခင် ဒုက္ခအကြီးကြီးရောက်တော့မယ့် အကွက်တွေကို ကြိုမြင်နေရတယ် Admin ကတော့ ?ARMY တွေအတွက်ကတော့ Jin က ရုပ်လေးနဲ့မှမလိုက် ဒီလိုပေါက်ကရလုပ်တတ်တယ်ဆိုတာ အထူးအဆန်းမဟုတ်ပေမယ့် တစ်ခြားသူတွေအတွက်ကတော့ ထူးဆန်းနေပါလိမ့်မယ်။ ကမ္ဘာကျော် Idol တစ်ယောက်က မှန်ရှေ့မှာ ဒီလိုကိုယ့်ဆံပင်ကိုယ် ကွကိုယ်ပြန်ညှပ်တယ်ပေါ့။ Hair Stylist တွေ မရှိဖူးလား? ဘာလားပေါ့? ?

ARMY တွေအစား Admin ကပဲဒီမေးခွန်းလေးကို ဖြေပါရစေ။ အဲ့ဒီလိုမထင်ရင် မထင်သလိုလုပ်တတ်တဲ့ အကွက်လေးတွေက သူ့ရဲ့ ကိုယ်ပိုင် Style ပါလို့ ? ဆံပင် ကာလာအမျိုးမျိုးနဲ့ အဖွဲ့ဝင်တွေရဲ့ Twitter update တွေ တွေ့ခဲ့ရပြီးနောက် မှန်ရှေ့မှာ ကိုယ်တိုင်လက်တစ်ဖက်တည်းနဲ့ Hair Stylist လုပ်ခဲ့တဲ့ BTS ရဲ့ main visual ဆိုတဲ့ Jin ရဲ့ပုံရိပ်ကို တွေ့မြင်ခဲ့ကြရတာပါလို့ ?

ကွကိုယ် BTS ရဲ့ Main Visual ဆိုတာကို မေ့နေတာလားအယ်ကိုရေ… ? ဘာပဲဖြစ်ဖြစ် မှန်ရှေ့မှာ ကလေးတစ်ယောက်လို ဘာမှစဉ်းစားမနေပဲ ကိုယ်လုပ်ချင်တာလုပ်လိုက်ရလို့ ကလေးတစ်ယောက်လို ကျေနပ်နေတဲ့ သူရဲ့ အပြုအမူလေးတွေက ARMY တွေအတွက် Jin ကို အချစ်တွေပိုတိုးသွားစေမယ် ထင်ပါရဲ့ ?

Leave a Reply

Your email address will not be published. Required fields are marked *