BTS နဲ့ ပတ်ဘိုဂန်တို့ရဲ့ ကြော်ငြာအသစ်

ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကိုကာကိုလာကုမ္ပဏီကနေ ကြော်ငြာအသစ်တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။ ကြော်ငြာထဲမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားချော ပတ်ဘိုဂန်က ပါဝင်သရုပ်ဆောင်ထားပေးပါတယ်။

ဒီအပြင့်ကို BTS ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ဖြစ်တဲ့ Love Yourself:Answer အယ်လ်ဘမ်ထဲက Love Myself:Answer သီချင်းကို နောက်ခံတေးဂီတ အနေနဲ့ ထည့်သွင်း အသုံးပြုထားတာကို တွေ့ရပါတယ်။

ကြော်ငြာမှာတော့ ပတ်ဘိုဂန်နဲ့ တခြားသရုပ်ဆောင်တွေက စွန်လေးတွေကို လွှတ်တင်နေတဲ့ ပုံစံမျိုးလေး ရိုက်ထားတာပါ။ စွန်လေးတွေမှာလည်း BTS သီချင်း Title တွေဖြစ်တဲ့ Run, Spring Day နဲ့ IDOL တို့ကို “RUN like yourself” , ” Your Spring Day is Today ” , ” You are my IDOL ” စတဲ့ စာသားလေးတွေသုံးပြီးတော့ရေးထားပါသေးတယ်။

 

 

ကြော်ငြာရဲ့ ပေးချင်တဲ့ message ဖြစ်တဲ့ “နှစ်သစ်အတွက်ကြီးမားတဲ့မျှော်လင့်ချက်တွေရှိခြင်း”ဆိုတာကလည်း BTS ရဲ့ Theme ဖြစ်တဲ့ Love Yourself နဲ့ တူညီမှုရှိပါတယ်။ ကြော်ငြာရဲ့ နောက်ဆုံးမှာတော့ BTS ရဲ့ Hits သီချင်းတွေရဲ့ နာမည်တွေကိုရေးထားတဲ့ ကိုကာကိုလာ ပုလင်းလေး ခုနစ်ပုလင်းကို ထောင်ထားတဲ့ ပုံလေးနဲ့ အဆုံးသတ်ထားပါတယ်။ ခုနစ်ပုလင်းပဲထောင်ထားတယ်ဆိုတာကလည်း BTS အဖွဲ့က အဖွဲ့ဝင် ခုနစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 

 

BTS အဖွဲ့ကို ပြီးခဲ့တဲ့ နှစ်ဖြစ်တဲ့ 2018 ဧပြီလမှာ ကိုကာကိုလာ ကုမ္ပဏီရဲ့ Brand Ambassador အနေနဲ့ ခန့်အပ်ခဲ့တာပါ။ အရင်တုန်းကလည်း ကိုကာကိုလာ Line App နဲ့ BTS တို့ ပူးပေါင်းပြီးတော့ ကိုကာကိုလာ သံဗူးလေးတွေပေါ်မှာ BT21 အရုပ်ကလေးတွေကို ရိုက်ပြီးထုတ်ဝေခဲ့ပါသေးတယ်။ ဒါ့အပြင်ကို နွေရာသီအတွက် ပတ်ဘိုဂန်နဲ့တူတူ ကြော်ငြာရိုက်ခဲ့ပါသေးတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *