Amazon ရဲ့ Best Sellers List မှာ Top ဖြစ်ခဲ့တဲ့ BTS ရဲ့ တတိယမြောက် Album

BTS အဖွဲ့ရဲ့ အသစ်ထွက်ရှိလာမယ့် တတိယမြောက် Album ဖြစ်တဲ့ ‘Love Yourself: Tear’ ဟာဆိုရင်တော့ဖြင့် Release Date မရောက်ခင်ထဲက Pre-order တွေအရမ်းများနေတယ်လို့ဆိုပါတယ်။ BTS အဖွဲ့ရဲ့ American Fan တွေက သူတို့ Idol ရဲ့အသစ်ထွက်မယ့် ‘Love Yourself: Tear’ ဆိုတဲ့ Album လေးကို Amazon ကနေပြီး Pre-order တွေလုပ်ထားကြတယ်လို့သိရပါတယ်။ American Fan တွေရဲ့အားပေးကြမ်းချက်က သြချရလောက်အောင်ပါပဲနော်။ ?

BTS ရဲ့အောင်မြင်မှုက ယခုတတိယ Album မတိုင်ခင် ထွက်ရှိခဲ့တဲ့ ‘Love Yourself: Her’ ဆိုတဲ့ Mini Album လေးမှာထဲက ကမ္ဘာကျော်ခဲ့တာပါ။ ‘Love Yourself: Her’ Album လေးက Amazon မှာ Pre-order တင်ခြင်းခံခဲ့ရတဲ့ ပထမဦးဆုံးသော ကိုရီးယားသီချင်းခွေဖြစ်ခဲ့ရုံသာမက Amazon ရဲ့ Best Sellers’ List မှာလည်း ၆ ရက်ဆက်တိုက် Top ဖြစ်ခဲ့ဖူးပါတယ်တဲ့ရှင်။

ယခု BTS ရဲ့တတိယမြောက် Album လေး ‘Love Yourself: Tear’ ကိုတော့ မေလ ၁၈ ရက်နေ့မှာ ရောင်းချဖြန့်ဖြူးမယ်လို့သိရပါတယ်။ ဧပြီလ ၁၇ ရက်နေ့က Chicago Tribune မှနေပြီးထုတ်လွှင့်လိုက်တဲ့ Interview တစ်ခုမှာ American သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Terry Crews က BTS အဖွဲ့အပေါ် သူ့ရဲ့အားပေးကြမ်းမှုတွေကို ပြောပြလာခဲ့ပါတယ်။ Terry Crews က “သူ BTS အဖွဲ့ကိုအရမ်းသဘောကျတယ်။ BTS အဖွဲ့ကိုပထမဦးဆုံးအကြိမ် တွေ့မြင်ဖူးထဲက သူကြိုက်နှစ်သက်ခဲ့တာပါ။ TV မှာလာတဲ့ သူတို့တွေရဲ့ Program တွေကိုအမြဲမပြတ်ကြည့်တယ်” လို့ဆိုခဲ့ပါတယ်။

ခုလို Hollywood သရုပ်ဆောင်တစ်ဦးရဲ့ အားပေးမှုအကြီးစားကိုရနေတဲ့ BTS အဖွဲ့ရဲ့ အောင်မြင်မှုကို သူတို့ရဲ့ Fan တွေလည်း ကျေနပ်အားရလိမ့်မယ်လို့ထင်ပါတယ်။ အသက်ငယ်သလောက် အောင်မြင်မှုအဆိပ်ပြင်းတဲ့ BTS အဖွဲ့ကို ဂုဏ်ပြုပေးရင်း မေလ ၁၈ ရက်နေ့မှာထွက်လာမယ့် ‘Love Yourself: Tear’ Album လေးကို အားပေးလိုက်ကြပါဦးနော်…။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *