တင်လှုပ်အကတွေကို မူးခါနေအောင် မြင်ရမယ့် Cardi B နဲ့ City Girls တို့ရဲ့ Music Video အသစ်

၂၀၁၈ တစ်နှစ်လုံးမှာ ဂီတ အနုပညာနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေကို ဆင့်ကဲဆင့်ကဲ ရရှိခဲ့သလောက်… ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ ရန်ပွဲတွေ၊ အိမ်ထောင်ရေး အရှုပ်အထွေးတွေ များခဲ့ရတဲ့ နာမည်ကျော် အမျိုးသမီး Rapper ကို ပြပါဆိုရင် Cardi B ကိုပဲ လက်ညှိုးထိုးပြီး ပြရမှာ အမှန်ပါ။

ဒါပေမဲ့လည်း လသားအရွယ် သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ ၂၅ နှစ်အရွယ် Cardi ရဲ့ စန်းနဲ့ အောင်မြင်မှုတွေက လုံးဝ ကျမသွားခဲ့သေးပါဘူး။ မကြာခင်မှာ ကျင်းပတော့မယ့် iHeartRadio ပေးပွဲနဲ့ Grammy ဆုပေးပွဲတွေအတွက် ဇကာတင်စာရင်းထဲမှာ ဆုတော်တော်များများအတွက် သူမရဲ့ နာမည်တွေက ပါနေခဲ့သေးတာပါ။ ဒါကြောင့်မို့ Cardi ရဲ့ အောင်မြင်မှုတွေက ဒီ ၂၀၁၉ ခုနှစ်အထိ ဆက်တိုက်ကပ်ပါလာနေခဲ့ဦးမှာ ဖြစ်တယ်ဆိုတာ သေချာပါတယ်။

 

View this post on Instagram

PRIME……..TWERK video out now you skanks !!!

A post shared by Iamcardib (@iamcardib) on

 

ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းကလည်း အမေရိကားနိုင်ငံ၊ Florida က Miami မှာရှိတဲ့ City Girls ဆိုတဲ့ အမျိုးသမီး Rapper အဖွဲ့နဲ့အတူ Cardi ပါဝင်သီဆိုပြီး သရုပ်ဆောင်ထားတဲ့ Music Video တစ်ခုဟာ You Tube ပေါ်ကို ရောက်လာခဲ့တာကို တွေ့ရပြန်ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ Twerk ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ထုံးစံအတိုင်း Cardi ရဲ့ ပရိသတ်တွေ အားပေးချက်က သဲသဲလှုပ်ပဲပေါ့။

ပြီးတော့ အဲဒီ MV လေးရဲ့ ထူးခြားချက်တစ်ခုကို ပြောပြချင်ပါသေးတယ်။ တခြားတော့ မဟုတ်ပါဘူး။ MV တစ်ခုလုံး အစ အဆုံးမှာ အမျိုးသမီးတွေရဲ့ တင်ပါးလှုပ်အကတွေကို မူးနောက်ချင်စရာ ကောင်းလောက်အောင် တွေ့ကြရမှာဆိုတဲ့ အကြောင်းလေးပါပဲ။ 😀

တကယ်တော့ City Girls အဖွဲ့သူတွေဟာ Twerk သီချင်းလေးရဲ့ Audio ထွက်ရှိခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလထဲမှာတုန်းက တင်ပါးလှုပ်အကကို ကျွမ်းကျွမ်းကျင်ကျင် ကတတ်တဲ့ အမျိုးသမီးငယ် အယောက်၂၀ လောက်ကို ရှာဖွေနေတယ်ဆိုတဲ့ အကြောင်းကို ကြေငြာခဲ့ပါတယ်။ အဲဒီကြေငြာချက်အရ သူတို့ဆီကို ဆက်သွယ်လာတဲ့ အမျိုးသမီးငယ် အယောက် ၂၀ ရဲ့ တင်ပါးလှုပ်အကတွေကို အခုထွက်ရှိလာတဲ့ MV အသစ်ထဲမှာ ထည့်သုံးထားတာကို တွေ့ခဲ့ရပါတယ်။

 

 

ဒါကြောင့် အမျိုးသမီး အယောက် ၂၀ တို့ရဲ့ သွက်သွက်ခါယမ်းနေတဲ့ တင်ပါးလှုပ်အကတွေကို ဒီ MV ထဲမှာ မူးနောက်လာအောင် ရှုစားကြရတော့တာပါ။ ပြီးတော့ ဒီအမျိုးသမီးငယ်တွေရဲ့ကြားမှာ မြင်းကျားပုံ၊ ကျားပုံတွေ ရေးခြယ်ထားခဲ့ကြတဲ့ City Girls အဖွဲ့သူတွေနဲ့ Cardi တို့ကလည်း သူတို့ပိုင်တင်ပါးတွေကို ၀င်လှုပ်ပြတော့ ပိုပြီး မြိုင်ဆိုင်နေတော့တာပေါ့။ နောက်… တင်ပါးတွေကို အနေအထားအမျိုးမျိုးနဲ့ ဖုန်လူး၊ သဲလူးပြိုင်ပွဲတွေ ကျင်းပကြတဲ့ ပုံရိပ်တွေလည်း အများကြီးပါသေးတော့ ဘာပြောကောင်းမလဲပေါ့။

အဲဒါတွေကြောင့် ထင်ပါတယ်။ ပရိသတ်တချို့ကတော့ ဒီ Twerk ရဲ့ MV ကိုကြည့်ပြီး အခုလိုတွေ နောက်ပြောင်နေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ Cardi တို့ဟာ ဒီ MV ထဲမှာ တင်ပါးအကြီးကြီးနဲ့ အသားကုန်လှုပ်ခါယမ်းပြီး ကတတ်တဲ့ နာမည်ကျော် Rapper မမ Nicki Minaj ကိုပါ ခေါ်ပြီး ရိုက်သင့်တာတာ အဟုတ်ပါပဲတဲ့။ ဒါပေမဲ့ ဘယ်ဖြစ်မလဲလေ။ Cardi နဲ့ Minaj တို့က ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလထဲမှာ ကျင်းပခဲ့တဲ့ New York Fashion Week ပွဲခင်းထဲမှာ နားပန်းလုံးပြီး ရန်ဖြစ်ခဲ့ကြတာကို အားလုံးလည်း သိကြမှာပါ။ ။ 😀

 

Leave a Reply

Your email address will not be published. Required fields are marked *