Chance the Rapper နဲ့ Jeremih တို့ရဲ့ Christmas Mixtape အသစ်

Hip Hop ချစ်သူတွေအတွက် ခရစ်စမတ်အကြိုလက်ဆောင်လာပါပြီ။ ဘယ်သူ့ဆီကလဲဆိုတော့ Chance the Rapper နဲ့ Jeremih တို့ဆီကပါ။ အားလုံးကို surprise လုပ်တဲ့အနေနဲ့ Chance the Rapper က သူ့ရဲ့ instagram ကနေတစ်ဆင့် ကြေညာလိုက်တဲ့ ဒီ mixtape ဟာ Merry Christmas Lil’ Mama: Re-Wrapped လို့အမည်ရပါတယ်။ ဒီ mixtape ဟာ သူတို့ရဲ့ ၂၀၁၆ တုန်းကထုတ်ခဲ့တဲ့ Merry Christmas Lil’ Mama ကိုမွန်းမံထားတာဖြစ်ပြီး နဂိုပါဝင်တဲ့သီချင်း ၉ ပုဒ်ကို remaster လုပ်ထားတဲ့အပြင် သီချင်းအသစ် ၁၀ ပုဒ်တောင်ပါဝင်လာခဲ့ပါတယ်။ အဲဒီတော့ လာမယ့်ခရစ်စမတ်အတွက် ဖွင့်စရာသီချင်းတွေအများကြီးဖြစ်သွားပါပြီ။

အရမ်းမိုက်တာတစ်ခုကတော့ ဒီ mixtape တစ်ခုလုံးကို အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။ ဒီ mixtape ကို Soundcloud မှာသွားရောက်နားဆင်နိုင်သလို ဒီနေရာမှာလည်း အခမဲ့သွားရောက် download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *