ဖလော်ရီဒါမှာ ရှိုးပွဲဆိုရင်း အဖမ်းခံလိုက်ရပြန်တဲ့ Chris Brown

US မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ အဆိုတော် Chris Brown ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်၊ ကြာသပတေးနေ့တုန်းက Florida မှာရှိတဲ့ West Palm ကမ်းခြေတစ်နေရာမှာ အဖမ်းခံလိုက်ရပြန်တယ်လို့ သိရပါတယ်။ Brown ဟာ အဲဒီတုန်းက သူ့ရဲ့ Heartbreak on a Full Moon Tour ဆိုတဲ့ ရှိုးပွဲအစီအစဉ်တွေထဲက တစ်ပွဲကို Florida မှာရှိတဲ့ Coral Sky Amphitheatre မှာ သီဆိုဖျော်ဖြေပြီးကာစပဲ ရှိသေးတယ်လို့ ဆိုကြပါတယ်။

တာဝန်ရှိသူတွေ ခေါ်ဆောင်သွားမှုကြောင့် Palm ကမ်းခြေက အာဏာပိုင်အဖွဲ့ရုံးကို Brown ရောက်သွားတဲ့ အချိန်ကတော့ ည ၁၁ နာရီလောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ သူအဖမ်းခံရတဲ့ အမှုကတော့ ‘နယ်ကျော်မှု’ ဆိုလားပါပဲ။ ဟုတ်ပါတယ်၊ Brown ဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလတုန်းက Florida မှာ ပြဿနာတစ်ခု အကြီးအကျယ် တက်ခဲ့ဖူးသေးလို့ပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Brown ဟာ အဲဒီတုန်းက Florida မှာရှိတဲ့ Tampa မြို့က Amalie Arena မှာ ရှိုးပွဲတစ်ပွဲကို ဆိုခဲ့တယ်လို့ သိရပါတယ်။ ရှိုးပွဲဆိုပြီးတော့ မြို့ထဲက Night Club တစ်ခုကိုသွားရင်း ဓာတ်ပုံဆရာ တစ်ယောက်ကို ကလပ်ထဲမှာ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ဖူးသေးတာမို့ပါပဲ။ အဲဒီအမှုကြောင့် Florida မှာရှိတဲ့ Hillsboyough အုပ်ချုပ်ရေးမှုးရုံးက Brown ကို ‘နယ်မကျော်ရတဲ့ဝရမ်း’ ထုတ်ပြန်ထားခဲ့တာ အခုချိန်ထိ အကျုံးဝင်နေသေးလို့ ခုလို ဖမ်းလိုက်ရတာပဲ ဖြစ်ပါတယ်တဲ့။

တကယ်တော့ Brown ဟာ ၂၀၀၇ ခုနှစ်လောက်တုန်းက With You, Forever စတဲ့ သီချင်းချိုချို မြူးမြူးလေးတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး အောင်မြင်ကျော်ကြားလာခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့စိတ်ခံစားမှုနဲ့ စရိုက်တချို့ကတော့ သူ့သီချင်းလေးတွေလို ချိုပုံမရဘဲ ပေါက်ကွဲလွယ်တဲ့ ဗုံးတစ်လုံးလိုပဲ ဖြစ်ပုံရပါတယ်။ အဲဒီလို ခံစားချက်တွေရဲ့ ရလာဒ်တွေကြောင့် သူဟာ ခုလို ပြဿနာတွေနဲ့ ခဏခဏ ရင်ဆိုင်ရတာလားဆိုတဲ့ အချက်ကလည်း တကယ်စဉ်းစားကြည့်ချင်စရာပဲ ဖြစ်ပါတယ်။ Brown ဟာ ၂၀၀၉ ခုနှစ်တုန်းကလည်း သူ့ချစ်သူဖြစ်တဲ့ ဒိတ်ဒိတ်ကျဲအဆိုတော် Rihanna ကို ကိုယ်ထိလက်ရောက် နာကျင်စေမှုနဲ့ အရေးယူခံရဖူးသေးတာမျိုးမို့ပါ။

I really be peeping errrrrthing!?

A post shared by CHRIS BROWN (@chrisbrownofficial) on

Rihanna နဲ့ ပြတ်စဲပြီးတဲ့ နောက်ပိုင်းနှစ်တွေမှာလည်း သူဟာ တခြားလူတွေနဲ့ ပြဿနာတွေ တက်ခဲ့ဖူးပါသေးတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း Baylee Curran ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကနေပြီး “Brown ဟာ သူ့အိမ်က ကျောက်မျက်ရတနာတစ်ခုကို ကြည့်မိလို့ ကျွန်မကို သေနတ်နဲ့ ချိန်ခဲ့ဖူးသေးတယ်” လို့ စွပ်စွဲတာကို ခံခဲ့ရဖူးသေးပါတယ်။ Brown ရဲ့ ရှေ့နေကတော့ အဲဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး သက်သက်မဲ့ နာမည်ဖျက်ခံရတာပါလို့ ချေပစကား ဆိုခဲ့တယ်လို့ သိရပါတယ်။ မေလထဲမှာတုန်းကလည်း အမျိုးသမီးတစ်ယောက်ဟာ L.A မှာရှိတဲ့ Brown ရဲ့အိမ်က ပါတီပွဲတစ်ပွဲကို တက်ရောက်နေတုန်း Brown ရဲ့ သူငယ်ချင်းနှစ်ယောက်က အဓမ္မကျင့်တာကို ခံရတယ်လို့လည်း စွပ်စွဲခံရပါသေးတယ်။ နောက်… Cassandra ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကလည်း Brown က သူမကို ရိုက်နှက်တယ်လို့ တိုင်ကြားတာ ခံခဲ့ရသေးပါတယ်တဲ့။

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပေါ့လေ။ အဲဒီလို ဖြစ်ရပ်တွေကြောင့် Brown ဟာ တစ်ဖက်မှာ အနုပညာနဲ့ ကျော်ကြားသလို တစ်ဖက်မှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ဆိုနိုင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ Brown ကလည်း ဒီလို အမှုအခင်းတွေကို ရင်ဆိုင်ရဖန်များလို့ သူ့အတွက် ရိုးနေခဲ့ပြီလားတော့ မပြောတတ်တော့ပါဘူး။ အခုတစ်ခါ ဖမ်းခံရြ့ပီးတဲ့နောက် အာဏာပိုင်ရုံးမှာ ဒဏ်ငွေ $ 2000 ဆောင်ပြီး၊ နာရီပိုင်းအတွင်းမှာ ရုံကနေ ထွက်လာခဲ့ပြီးတော့ သူ့ရဲ့ Instagram ပေါ်မှာ အပေါ်ပိုင်းဗလာနဲ့ သီချင်းဆိုနေတဲ့ပုံတစ်ပုံကို ချက်ချင်းတင်ပြီး အသဲပုံ Emoji လေးနဲ့အတူ…

“နက်ဖြန်ကျရင် ဘာသတင်းတွေ ထွက်လာမလဲဆိုတာကို စောင့်ကြည့်ကြစမ်းပါ” ဆိုတဲ့ Caption ကို ခပ်တည်တည်နဲ့ ရေးထားခဲ့ပါသေးတယ်။

What’s NEW?????? Show tomorrow!!!! ❤️

A post shared by CHRIS BROWN (@chrisbrownofficial) on

Brown ဟာ နောက်တစ်နေ့ဖြစ်တဲ့ သောကြာနေ့ညမှာလည်း Tampa မြို့ထဲမှာ ရှိုးပွဲတစ်ပွဲ ဆက်ဆိုခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး လောလောဆယ်မှာလည်း လူတေ အဆိုကျော်လို့ ခေါ်နိုင်တဲ့ Brown ဟာ သူ့ရဲ့ Heartbreak on a Full Moon Tour ဆိုတဲ့ ရှိုးပွဲခရီးစဉ်အတွင်းမှာပဲ ရှိနေခဲ့ပါသေးတယ်တဲ့လေ။

July 6th TAMPA ❤️

A post shared by CHRIS BROWN (@chrisbrownofficial) on

Leave a Reply

Your email address will not be published. Required fields are marked *