Kpop Idol Group တစ်ခုဖြစ်တဲ့ NCT ရဲ့ Video ကို IG မှာ တင်ခဲ့တဲ့ Chris Brown

မတ်လ ၂၂ ရက်နေ့မှာ Chris Brown ကသူ့ရဲ့ Sensei သီချင်းကို Kpop Idol Group တစ်ခုဖြစ်တဲ့ NCT က Dance Cover လုပ်ထားတဲ့ Video ကို သူ့ရဲ့ Instagram မှာ တင်ထားခဲ့ပါတယ်။

Caption အနေနဲ့ ဘာမှမရေးထားပေမယ့် Video view က 18 Millon View ထိရှိခဲ့ပါတယ်။ တစ်ချို့တွေကလဲ Chris Brown ကို Kpoper လားလို့ မေးတဲ့သူ များစွာလဲရှိသလို ဒီ Video ဟာဆိုရင် NCT Fan တွေကြားမှာတော့ အရမ်းကို trend တစ်ခုလိုဖြစ်နေခဲ့ပါတယ်။


NCT ရဲ့ Come Back Album ဖြစ်တဲ့ ‘’NCT 2018 Empathy “ ဟာဆိုရင်လဲလွန်ခဲ့တဲ့အပတ်က World Wide i Tunes chart မှာ နံပါတ် ၁ နေရာကိုရယူထားခဲ့ပါတယ်။ NCT ဆိုတာကတော့ SM Entertainment ကနေ 2016 က debut လုပ်ခဲ့ပြီး Unit 3 ခုရှိပြီး စုစုပေါင်းအဖွဲ့ဝင် ၁၈ ယောက်ပါဝင်တဲ့ Kpop Idol Group တစ်ခုဖြစ်ပါတယ်။

မေလ ၆ ရက်နေ့ ၂၀၁၇ မှာ သုဝဏ္ဏဘူမိ Event Park မှာပြုလုပ်ကျင်းပခဲ့ တဲ့ Kpop Myanmar Festival Myanmar 2017 မှာလဲ EXO နဲ့အတူ NCT 127 လဲ လာရောက် ဖျော်ဖြေခဲ့ပါသေးတယ်။

ကဲ…. Chris Brown ရဲ့ IG က Video လေးနဲ့ အတူ World Wide i Tunes chart မှာ နံပါတ် ၁ နေရာကိုရယူထားခဲ့ တဲ့ “NCT 2018 Empathy” ထဲက “Touch” ဆိုတဲ့ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *