ပင်ကိုယ်အလှကို ဖော်ထုတ်ပြလိုက်တဲ့ Christina Aguilera

90 ခုနှစ်တွေမှာခေတ်စားခဲ့တဲ့ Genie in the bottle သီချင်းပိုင်ရှင် Christina Aguilera ကတော့ သူ့မျက်နှာဖုံးကြီးကို ခွါချလိုက်ပါပြီ။ April လထုတ် PAPER မဂ္ဂဇင်းအတွက် မျက်နှာဖုံးရှင်အဖြစ် Christina Aguilera ကိုရွေးချယ်ထားတာဖြစ်ပြီး သူမကလဲ အားလုံးအံ့အားသင့်သွားအောင်လုပ်ပြခဲ့ပါတယ်။

အမြဲတမ်း နှုတ်ခမ်းနီရဲရဲတောက်တောက်တွေဆံပင်ပုံဆန်းဆန်းတွေနဲ့မြင်တွေ့နေကျဖြစ်တဲ့ Christina Aguilera တစ်ယောက်ဟာ ဘာမိတ်ကပ်မှမလိမ်းထားပဲ သဘာဝအရှိရှိတိုင်းမျက်နှာပြောင်နဲ့ ဓာတ်ပုံအရိုက်ခံခဲ့တာပါ။ (အက်မင်တောင် သူမှဟုတ်ရဲ့လားလို့အထပ်ထပ်အခါခါပြန်ကြည့်မိခဲ့ ??) ပုံထဲမှာ Christina ဟာ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှနေပြီး ဆွဲဆောင်မှုတွေရှိနေပါတယ်။ သူ့သီချင်းတွေကြိုက်ပေမယ့် သူ့ကိုတော့အကြိုက်ကြီးမဟုတ်ခဲ့တဲ့ကိုယ်တောင် ဟယ် သူလေးကလှလိုက်တာလို့ ပါးစပ်ကထုတ်ပြောမိလောက်အောင်ပါပဲ။ တကယ်ကို ဘာမိတ်ကပ်မှမပါပဲ ဆံပင်ကပိုကရိုလေးနဲ့ ကင်မရာကိုတည့်တည့်ကြည့်နေတဲ့ပုံလေးဆို ဒဲ့ကိုကြွေမိပါတယ်။ နှုတ်ခမ်းနီတောင်မပါတာပါ။ မယုံဘူးဆိုရင် အောက်ကပုံလေးကိုရှိုးပါ ကြည့်မိလို့ကြိုက်သွားရင်တော့ တာဝန်မယူပါနော်?

A post shared by Christina Aguilera (@xtina) on

အောက်ကပုံကတော့ သူ့ကိုမြင်နေကျပုံစံတွေအတိုင်းမြင်ရမှာပါ။

A post shared by Christina Aguilera (@xtina) on

“I’ve always been someone that obviously loves to experiment, loves theatrics, loves to create a storyline and play a character in a video or through stage,”

“I’m a performer, that’s who I am by nature. But I’m at the place, even musically, where it’s a liberating feeling to be able to strip it all back and appreciate who you are and your raw beauty.”

………ကိုယ်ကိုကိုယ်အရှိအတိုင်းလက်ခံပြီး ကိုယ့်ရဲ့ ပင်ကိုယ်အလှတရားတွေကိုကျေနပ်ရခြင်းကလဲ အရမ်းကိုလွတ်လပ်တဲ့ခံစားမှုကိုရစေနိုင်ပါတယ်…….

လို့ သူမက PAPER မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာပြောထားပါတယ်။

PAPER မဂ္ဂဇင်းဆိုတာကလည်း ပေါ့သေးသေးတော့မဟုတ်ပါဘူး။ 2014 ခုနှစ်မှာ #breaktheinternet ဖြစ်ရလောက်တဲ့ Kim  Kardashian ရဲ့ပုံအပါဝင် တခြားအနုပညာရှင်တွေနဲ့ တစ်မူထူးခြားအောင် တင်ဆက်နိုင်တဲ့ မဂ္ဂဇင်းကြီးပါ။

Christina Aguilera ရဲ့ ပရိသတ်တွေတင်သာမက ဝေဖန်သူတော်တော်များများက ဒီပုံတွေနဲ့ပတ်သက်ပြီး အကောင်းမြင်ချီးကျူးနေကြပြီး ခုတလောနာမည်ကြီးနေတဲ့ အဆိုတော် Cardi-B ကတောင်

“She makes people really crack up just by being herself, and it’s genuine”

လို့ပြောထားခဲ့ပါတယ်။

ကဲ ဘယ်လိုတွေပဲ လှအောင်ပြင်နေကြပါစေ စစ်မှန်တဲ့အလှတရားဆိုတာကလည်း လောကကြီးမှာ နေရာတစ်ခုရှိနေသေးတယ်ဆိုတာကို Christina Aguilera ကပြသွားခဲ့ပါပြီနော်….

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *