Hollywood ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ CL

2NE1 အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ခပ်မိုက်မိုက်စတိုင်နဲ့ ပရိသတ်ကြီးနှလုံးသားကို သိမ်းပိုက်ထားတဲ့ CL လေးကိုတော့ အခုဆို Hollywood ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ မြင်တွေ့ခွင့်ရတော့မှာပါ။ CL ဟာ ယခင် 2NE1 အဖွဲ့ဝင်ဖြစ်ထဲက သူမရဲ့သီချင်းအတော်များများဟာ အနောက်တိုင်းနိုင်ငံတွေမှာပါ ကျော်ကြားနေခဲ့ပါတယ်။ ယခု ‘Mile 22’ ဆိုတဲ့ Hollywood ရုပ်ရှင်ဇာတ်ကားကြီးမှာ သူမရဲ့ပါဝင်သရုပ်ဆောင်ရတဲ့ Role နဲ့ပတ်သက်ပြီး ပရိသတ်ကြီးကို ပြောပြလာခဲ့ပါတယ်။

ခုလိုအသိပေးမှုမပြုခင်က CL ဟာသူမရဲ့ Instagram ကနေပြီး Mile 22 မှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ အတူရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့ကိုတင်ခဲ့တယ်လို့သိရပါတယ်။ ဒီဇာတ်ကားရဲ့ Trailer လေးထွက်လာတဲ့အချိန်မှာတော့ သူမရဲ့ပါဝင်သရုပ်ဆောင်ရတဲ့ကာရိုက်တာကို ပရိသတ်ကြီး မြင်တွေ့ခွင့်ရလိုက်ပါတယ်။ ဒီ Trailer လေးထဲမှာ CL က အရမ်းကို Smart ကျတဲ့ ဝတ်စားဆင်ယင်မှုနဲ့အတူ ခပ်မိုက်မိုက်မျက်နှာထားအသွင်ကိုဆောင်တဲ့ အရမ်းကိုဆွဲဆောင်မှုရှိတဲ့ လူသတ်သမားတစ်ယောက်အဖြစ်နဲ့တွေ့မြင်ရပါတယ်။ ဟိုးယခင်ကထဲက အလန်းစား Style တွေနဲ့ အောင်မြင်ကျော်ကြားလာတဲ့ သူမအတွက် ခုလိုကာရိုက်တာကိုသရုပ်ဆောင်ခွင့်ရလိုက်တာဟာ လိုက်ဖက်တဲ့ အခွင့်အရေးတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။

A post shared by CL (@chaelincl) on

Mile 22 ရုပ်ရှင်ဇာတ်ကားကြီးက လာမယ့် သြဂုတ်လ ၃ရက်နေ့မှာ ရုံတင်ပြသမယ်လို့သိရပါတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ နာမည်ကြီး Hollywood သရုပ်ဆောင်တွေကတော့ မင်းသားကြီး Mark Wahlberg, John Malkovich, မင်းသမီးချောလေးတွေဖြစ်ကြတဲ့ Lauren Cohan နဲ့ Ronda Rousey တို့ပဲဖြစ်ပါတယ်။ Mile 22 ရုပ်ရှင်ကားကြီးက CIA Agent တွေရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Action Thriller ဇာတ်ကားလေးပါ။ ဒီလို နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့အတူ ဇာတ်လမ်းကောင်းကောင်းကိုရိုက်ကူးပုံဖော်မယ့် Director ကတော့ Peter Berg ပဲဖြစ်ပါတယ်။

CL လေးအတွက် အရမ်းကိုကြီးမားတဲ့ မဟာအခွင့်အရေးကြီးတစ်ခုကိုရရှိလိုက်တယ်လို့ ပရိသတ်ကြီးလည်း တွေးမိကြမှာပါ။ ခုလိုရရှိလာတာကလည်း သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ အရည်အချင်းကောင်းမွန်မှုတွေကြောင့်ပါ။ Hollywood ရဲ့ နာမည်ကြီးမင်းသားကြီးတွေ မင်းသမီးကြီးတွေနဲ့အတူ သရုပ်ဆောင်ခွင့်ရတဲ့ CL အတွက် အရမ်းကိုဂုဏ်ယူမိပါတယ်။ CL လေးတစ်ယောက် ဘယ်လောက်တောင်ဝမ်းသာပျော်ရွှင်နေတယ်ဆိုတာ သူမရဲ့ Instagram မှာတင်ထားတဲ့ပုံတွေကနေ သက်သေပြလို့နေပါတယ်။ Kpop လောကကြီးကို ဂုဏ်ဆောင်ပေးတဲ့ နောက်ထပ် Idol တစ်ယောက်အဖြစ်နဲ့ CL လေးကို Congrats. လုပ်ပေးလိုက်ကြပါဦးနော်…?…။ အမေရိကားမှာတော့ August ၃ရက်နေ့ရုံတင်ပြသမယ်လို့သိရပါတယ်။ ကိုယ်တွေမြန်မာပြည်မှာ ရုံတင်တဲ့အချိန်ကြရင် အားပေးကြည့်ရှုဖို့မမေ့ကြနဲ့ဦးနော် Kpoper တို့ရေ…။

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *