Vogue ရဲ့ မေးခွန်း ၇၃ ခုကိုဖြေလိုက်တဲ့ CL

နာမည်ကြီး Vogue မဂ္ဂဇင်းရဲ့ နာမည်ကြီးတွေနဲ့လုပ်လေ့ရှိတဲ့ 73 Questions ဆိုတဲ့ အစီအစဉ် (Season 3) မှာ ကိုယ်တွေရဲ့ အချစ်တော် CL လေးကိုတွေ့လိုက်ရပါတယ်။ အမြဲတမ်းချစ်စရာကောင်းနေတဲ့ CL လေးကထုံစံအတိုင်းပဲ မေးခွန်းအားလုံးကို သွက်သွက်လက်လက်လေးနဲ့ပွင့်ပွင့်လင်းလင်း ဖြေသွားတာပါ။

A post shared by CL (@chaelincl) on

ကဲ ဘာတွေမေးပြီး ဘယ်လိုတွေဖြေသွားတယ်ဆိုတာကြည့်လိုက်ရအောင်နော်။

1. ဘိုလိုလား K လိုဗျူးကြမလား?
ရောသမမွှေကြမယ်လေ ?

2. ဒီမှာဘာလာလုပ်တာလဲ?
ဒီကိုပြန်ပြောင်းလာတာပါ

(CL က ဖယောင်းတိုင်လက်ဆောင်ရရှိ)

3. ခရီးတွေခေါက်တုံ့ခေါက်ပြန်ထွက်နေရတော့ ရောက်တဲ့နေရာမှာ အသားကျဖို့ ဘယ်လိုလုပ်ယူလဲ?
ဒါလေးပဲလိုတာပါ (လက်ဆောင်ရရှိထားတဲ့ ဖယောင်းတိုင်ကိုမြှောက်ပြ)

4. မင်းက နိုင်ငံပေါင်းစုံမှာ လှည့်ပတ်နေထိုင်ရင်း ကြီးပြင်းလာတယ်လို့ကြားဖူးတယ်။ ဘယ်နိုင်ငံတွေလဲ သိလို့ရမလား?
ပြင်သစ်၊ ဂျပန် နဲ့ ကိုးရီးယား

5. CL ဆိုတာ ဘယ်ကနေဖြစ်လာတာလဲ?
တကယ့်နာမည်အရင်းဖြစ်တဲ့ Chae-rin Lee ကနေ ယူထားတာပါ

6. ဒါဆို CL ဆိုတာက မင်းရဲ့ ကိုယ်ခွဲလေးပေါ့?
သူမက အားလုံးရဲ့ ကိုယ်ခွဲလေးပါ ?

7. တစ်ခုခုအတွက်အဆင်သင့်ဖြစ်ဖို့ အချိန်ဘယ်လောက်လိုသလဲ?
ဘာအတွက် အဆင်သင့်ဖြစ်ရမယ်ဆိုတာပေါ် မူတည်ပါတယ်

8. မရှိမဖြစ် အလှကုန်ပစ္စည်းတစ်ခု?
Eyeliner ?

9. အကြိုက်ဆုံးနှုတ်ခမ်းရောင်?
အနီရင့်ရင့်

10. အမည်းရောင်လား ရွှေရောင်လား?
အမည်းရောင်

11. Vintage စတိုင်လား ခေတ်စတိုင်လား?
အရောလေး

12. ဆွဲကြိုးလား Grill လား?
ဆွဲကြိုး

13. အကြိုက်ဆုံး ဆွဲကြိုးက?
အခုဆွဲထားတဲ့ တစ်ခုပါ

14. အလှပြင်တိုင်းနောက်ဆုံးမှာလုပ်တဲ့အရာက?
ရေမွှေးဆွတ်တာ

15. အကြိုက်ဆုံး ညဖက်မှာစားတတ်တဲ့ မုန့်?
Truffle Fries

16. အကြိုက်ဆုံး Cocktail?
Jameson Ginger ale

17. ဘယ်သူနဲ့ ကော်ဖီအတူသောက်ရတာကိုအကြိုက်ဆုံးလဲ?
အဘွားနဲ့

18. အခုဒီရှေ့မှာရှိနေတဲ့ Juice ကဘာလဲ
ငါ့အကြိုက်ဆုံး Juice ၊ လုပ်နည်းကို Alex ဆီကရတာ

19. Cheers ကို ကိုရီးယားလို ဘယ်လိုပြောလဲ?
“Geonbae”

(မေးခွန်းတွေကို ကိုရီးယားလို ဖြေကြား)

20. မင်းရဲ့အလုပ်နဲ့ပတ်သက်ပြီး လုပ်ရအခက်ဆုံးအပိုင်းကဘာဖြစ်မလဲ
ဒါကို အရူးအမူး စွဲလမ်းနှစ်သက်မိနေတာပါ

21. လက်ခံရရှိဖူးတဲ့ အကောင်းဆုံးအကြံပေးချက်က?
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့အရာကိုလုပ်ပါ”

22. ဘယ်လိုသီချင်းတွေနားထောင်ပြီး ကြီးပြင်းလာခဲ့တာလဲ?
Lauryn Hill

23. အကြိုက်ဆုံးအနုပညာရှင်က
Kanye West

24. သီချင်းဘယ်နှစ်ပုဒ်လောက်သွင်းခဲ့ပြီးပြီလဲ?
ရာကျော်လောက်ရှိမယ်ထင်တယ်…

(Word Association ကစားနည်း ကစားရအောင်)

25. Female Empowerment?
My Life’s Mission (ငါ့ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်)

26. Justin Bieber?
Earth Bar

27. Combat boots?
My Stage Outfit (ပွဲမှာဝတ်တဲ့ဝတ်စုံ)

28. ညဖက်အပြင်ထွက်လည်ရင် ဘာတွေလုပ်ဖြစ်သလဲ?
သူငယ်ချင်းတွေကို ကိုယ့်အိမ်ကိုခေါ်လည်တာများတယ်

(အင်္ဂလိပ်လို ဆက်လက်ဖြေကြား)

29. Jet Lag ကို ဘယ်လိုရင်ဆိုင်သလဲ?
Jet Lag ဆိုတာ ဘာတုန်း ?

30. နောက်ဆုံးရောက်ခဲ့တဲ့နိုင်ငံ?
ကိုရီးယား

31. အလည်သွားချင်တဲ့ နိုင်ငံ?
Iceland.. အဲ့နိုင်ငံကို တစ်ခါမှမရောက်ဖူးသေးဘူး

32. အကြိုက်ဆုံးစာအုပ်?
Comic Book

33. အကြိုက်ဆုံး band?
Queen အဖွဲ့ကိုကြိုက်တယ်

34. ရုပ်ရှင်ဇာတ်ကား၊ TV Show တစ်ခုခုမှာ Cameo အနေနဲ့ပါရမယ်ဆိုရင်??
BORAT!!

(အဝတ်အစားတွေဖက် ခေါင်းစဉ်ပြောင်းသွား)

35. မင်းရဲ့ ကိုယ်ပိုင်စတိုင်ကို ရှင်းပြပါဦး?
Everyday Mood (ခံစားချက်အပေါ်မူတည်တယ်)

36. စတိုင်တွေကို ဘယ်လိုရွေးချယ်ဖြစ်သလဲ?
ငါနဲ့လိုက်မလိုက်ပေါ်မူတည်တယ်

37. စိန်လား? ပုလဲလား?
စိန်

38. အကြိုက်ဆုံး အသုံးအဆောင်
Eyeliner

39. အနုပညာရှင်တစ်ယောက်ယောက်ရဲ့ ဗီရိုကိုမွှေရမယ်ဆိုရင်?
Carlyne

(မှန်/မှား ရွေးပါ)

40.ကျောင်းတုန်းက မိန်းကလေးယူနီဖောင်းထက် အမျိုးသားယူနီဖောင်းကိုပိုကြိုက်ခဲ့တာဆို?
မှန်ပါ့

41. ပုခုံးပေါ် ကြက်တူရွေးတစ်ကောင်တင်ပြီး Rap ရွတ်ခဲ့ဖူးတယ်ဆို?
မှန်၏

42. ကြောင်ငါးကောင်ပိုင်တယ်ဆို?
မှားတယ်

43. ဒါဆို နင်ကြောင်ဘယ်နှစ်ကောင်ပိုင်သလဲ?
သုံးကောင်

44. နင့်ကြောင်နာမည်တွေက?
Pudding, Donut နဲ့ Snowball Whitey

45. အဲ့ကြောင်တွေမွေးထားတာဘယ်လောက်ကြာပြီလဲ?
လေးငါးနှစ်လောက်ရှိပြီ

(ကိုရီးယားလို ဆက်လက်ဖြေကြား)

46. ဘိုလိုဆိုရတာနဲ့ ကိုးရီးယားလိုဆိုရတာ ဘယ်ဟာပိုသဘောကျလဲ?
နှစ်မျိုးလုံး

47. ဘယ်သူတွေကို အားကျမိလဲ?
သူငယ်ချင်းတွေ

48. အမြဲလိုလို အသစ်အသစ်တွေ ဖန်တီးနိုင်အောင် ဘယ်လိုလုပ်ယူသလဲ?
ဘယ်အရာကိုမဆို အရမ်းအလေးအနက်ကြီး မစဉ်းစားဘူး

49. သီချင်းတွေလုပ်ဖြစ်ဖို့ ဘယ်အရာက တွန်းအားပေးသလဲ?
ငါ့အတွေ့အကြုံတွေ

50. အမှတ်တရဖြစ်နေတဲ့ ဖျော်ဖြေမှု??
သိပ်မကြာသေးခင်ကဖျော်ဖြေခဲ့တဲ့ အိုလံပစ်ပွဲကတော့ အမှတ်တရအဖြစ်ဆုံးပဲ

51. K-Pop နဲ့ပတ်သက်ပြီး ဘာတွေဖြစ်လာစေချင်လဲ
K-Pop ကိုလူတွေပိုပိုပြီး နားထောင်စေချင်တယ်

52. မတူညီတဲ့နိုင်ငံတွေမှာ ဖျော်ဖြေရတာက ကြီးကြီးမားမားကွာခြားချက်တွေရှိသလား?
ဒါပေါ့.. တစ်ရက်နဲ့တစ်ရက်တောင်မှ ထပ်တူကျတာမှမဟုတ်တာ

53. ပရိသတ်တွေအများကြီးရှေ့မှာ ဖျော်ဖြေရတာမှာ ဘယ်အပိုင်းကို အနှစ်သက်မိဆုံးလဲ?
အဲ့လိုချိန်မှာရတဲ့ ခံစားချက်တွေ၊ ခွန်အားတွေကို စကားလုံးနဲ့တောင်ဖွဲ့ပြလို့မရဘူး

54. ဘယ်အချက်က သင့်ရဲ့အားသာချက်လဲ
ရယ်ရတာ၊ ပျော်ပျော်နေတတ်တာ

55. အားနည်းချက်ကရော?
အဲဒါတော့ မသိဖူး

56. ကိုယ့်ကို ဝေဖန်ပြောဆိုကြတာတွေကို ဘယ်လိုရင်ဆိုင်သလဲ?
ဒီတိုင်းလေးပဲ နားထောင်လိုက်ပါတယ်.. အေးဆေးပါပဲ

57. LA မှာစိတ်အပန်းဖြေဖို့ ဘယ်နေရာကိုသွားလေ့ရှိလဲ?
ဒီတိုက်ရဲ့ခေါင်မိုးပေါ်

58. နင့်အဖေက စက်ရုပ်တွေလုပ်တဲ့ ရူပဗေဒပညာရှင်တစ်ယောက်ဆို?
အင်း.. ဟုတ်တယ်လေ

59. နင်ရော စက်ရုပ်တွေလုပ်နိုင်လား?
လုပ်နိုင်တာပေါ့.. ငါစိတ်ဝင်စားရင် ဘာမဆိုလုပ်နိုင်တယ် ?

60. နင် စက်ရုပ်အက ကနိုင်လား?
အဲ့ဒါတော့ မကနိုင်ဘူး

61. ရေချိုးခန်းထဲမှာ ဆိုဖြစ်တဲ့ အကြိုက်ဆုံးသီချင်း?
“Feeling Good”

62. ပါတီကို ဘယ်သီချင်းနဲ့ဖွင့်လေ့ရှိလဲ?
Ricky Rozay ရဲ့ “Purple Lamborghini”

63. အနုပညာကိုခံစားဖို့အတွက် အကြိုက်ဆုံးနေရာက?
Instagram

64. ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ ဇာတ်ကား?
“Sister Act 2” ကိုကြိုက်တယ်

65. Live ကြည့်ချင်တဲ့ အနုပညာရှင်?
Disneyland

66. သွားခဲ့ဖူးသမျှပွဲတွေထဲက အကြိုက်ဆုံးဖျော်ဖြေပွဲ?
Disneyland ပါပဲရှင်

67. ပရိသတ်တွေကို ဘယ်လိုသဘောထားလဲ?
ငါ့ရဲ့ကိုယ်ပွားလေးတွေပါပဲ

68. ပရိသတ်တွေကို အခုချိန်မှာ တစ်ခုခုပြောရမယ်ဆိုရင် ဘာပြောချင်လဲ?
GZBs တွေ စိတ်ရှည်ရှည်ထားကြပါ

69. ရောက်ခဲ့ဖူးသမျှနေရာတွေထဲမှာ အမိုက်ဆုံးက?
စင်ပေါ်!

70. အနာဂတ်အတွက် အမျှော်လင့်ဆုံး၊ အဖြစ်ချင်ဆုံးက?
ကျန်းမာပြီး ကျေးဇူးတင်တတ်တဲ့သူ

71. ဘယ်ချိန်ကစပြီး ကခဲ့တာလဲ?
မှတ်မိနိုင်တဲ့ သိတတ်စအရွယ်ကတည်းကပဲ

72. မြန်မြန်လေး တကွက်လောက် ကပြနိုင်မလား?
အိုကေ.. ငါထွင်ထားတဲ့ဟာတစ်ခုတော့ရှိတယ် Roll Dab လို့ခေါ်ပြီး ဒီလိုကရတယ် ?

73. နောက်ဆုံးမေးခွန်းလေးကို ဘာသာစကားသင်ခန်းစာလေးလုပ်ရအောင်.. Goodbye ကို ကိုးရီးယားလိုဘယ်လိုပြောလဲ?
“Annyeong” လို့ပြောလိုက်ရုံပဲ ?

Vogue ရဲ့ ဒီ 73 Questions အစီအစဉ်ကနေ CL အကြောင်းလေးတွေပိုသိလိုက်ရတဲ့အတွက် Vogue ကို ကျေးဇူးအထူးပါလို့…..

CL ကိုလဲ နောက်ထပ် သီချင်းအသစ်လေးတွေကို စိတ်ရှည်ရှည်နဲ့စောင့်မျှော်နေပါတယ်လို့…….

Leave a Reply

Your email address will not be published. Required fields are marked *