မတ်လအတွင်း Comeback လုပ်ဖို့ အစီစဉ်တွေရှိနေတဲ့ Kpop Idol အဖွဲ့များ…

မတ်လကတော့ Kpop လောကကြီးအတွက်အရမ်းကိုအလုပ်များတဲ့ကာလလို့ ပြောလို့ရပါတယ်။ ဒီလထဲမှာ Male Group တွေ၊ Solo အမျိုးသားတေးသံရှင်တွေအများစု Comeback လုပ်ကြဖို့ရှိတယ်လို့သတင်းတွေထွက်ရှိနေပါတယ်။ တချို့သော အနုပညာရှင်အသစ်လေးတွေကိုလည်းပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးမယ့် ကာလလေးတစ်ခုဆိုလည်းမမှားပါဘူး။

  • `UP10TION´ Kpop Idol အဖွဲ့လေးကတော့ မနေ့မတ်လ၁၅ရက်နေ့မှာ သူတို့ရဲ့ Album အသစ်လေးဖြစ်တဲ့ `Invitation´ နဲ့အတူ Comeback လုပ်လာခဲ့ပါတယ်။ အဖွဲ့ဝင်၁၀ဦးအနေနဲ့ပူးပေါင်းပြီး ပရိတ်သတ်ကြီးရှေ့တဖန်ပြန်လည်ရောက်ရှိလာတဲ့ Boy Group တစ်ခုပါ။ အဖွဲ့ဝင် `Wooshin´ ကလည်းသူ့ရဲ့ကျန်းမာရေးအခြေနေကြောင့်အနားယူနေရာမှ အဖွဲ့ဝင်အဖြစ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

#UP10TION #2017SPECIAL_PHOTO_EDITION COVER TEASER 171012

A post shared by UP10TION (@u10t_official) on

  • ဒီနေ့နေ့လည်မှာပဲ `A.C.E´ အဖွဲ့ကလည်း `5TAR´ ဆိုတဲ့သူတို့ရဲ့ Single Album လေးကို ထုတ်ဝေခဲ့ပါတယ်။

  • မတ်လ၁၉ရက်နေ့မှာတော့ ကောင်လေးချောချောလေးတွေပါဝင်တဲ့ `Wanna One´ အဖွဲ့ဟာ သူတို့ရဲ့ Mini Album ဖြစ်တဲ့ `0+1=1(I Promise You)´ဆိုတဲ့ Album လေးနဲ့အတူ Comeback အစီစဉ်လေးရှိနေပါတယ်။ ဒီ Album လေးမှာ `Boomerang´ ဆိုတဲသီချင်းလေးလည်းပါဝင်ပါတယ်။ Wanna One အဖွဲ့လေးကတော့ သူတို့ရဲ့ `I.P.U´ ဆိုတဲ့ သီချင်းလေးနဲ့ Chart အတော်များများရဲ့နံပတ်တစ်နေရာကိုရယူနိုင်ခဲ့ပါတယ်။

  • မတ်လ၂၁ရက်နေ့မှာတော့ `Seventeen´ အဖွဲ့ကို သူတို့ရဲ့ `Just Do It´ ဆိုတဲ့ Single Song လေးနဲ့အတူ မြင်တွေ့ခွင့်ရမှာပဲဖြစ်ပါတယ်။

  • `Yong Junhyung´ ကသူ့ရဲ့ Digital Single Song လေးတစ်ပုဒ်ကို မတ်လ၂၂ရက်နေ့မှာ ထုတ်လွှင့်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ဒီသီချင်းလေးအတွက် `10cm´ အဖွဲ့ဝင် `Kwon Jung Yeol´ က Featuring သီဆိုပေးထားပါတယ်။

치킨먹어야하는데 …

A post shared by HIGHLIGHT (@bigbadboii) on

  • မတ်လ၂၆ရက်နေ့မှာတော့ `Shinhwa´ အဖွဲ့ဟာ သူတို့ရဲ့ `20th Anniversary´ အထိမ်းအမှတ်အနေနဲ့ `All Your Dream´ ဆိုတဲ့ Track လေးကို ပရိတ်သတ်ကြီးအတွက်လက်ဆောင်ပေးဖို့ စိတ်ကူးထားတယ်လို့သိရပါတယ်။

  • အဲ့ဒီနေ့မှာပဲ `MONSTA X´ အဖွဲ့က `The Connet´ ဆိုတဲ့ Album ကို ထုတ်လွှင့်မှာပဲဖြစ်ပါတယ်။

  • `JYP Entertainment´ ကနေပြီး Debut လုပ်မယ့် `Stray Kids´ ဆိုတဲ့ Boy Group လေးကိုတော့ သူတို့ရဲ့ Mini Album ဖြစ်တဲ့ `I Am Not´ နဲ့အတူတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။

안녕하세요 승민입니다! 드디어 저희 스트레이키즈!! 공식 인스타그램 오!픈! 소식을 들고 처음으로 찾아왔는데요, 오늘 하루 참 많은 것들이 이뤄지는 것 같아요ㅎㅎ 프리데뷔 앨범 ‘Mixtape’ 발매부터 시작해서! 네이버 V라이브 ‘행복행’까지!! 잘 보셨나요?? 마지막으로 공식 인스타그램이 열렸습니다ㅎㅎ 저희 멤버들이랑 사진 많이많이 찍어서 여러 소식 들고 앞으로 자주자주 찾아올게요!! 많이 응원해주시는 모든분들께 정말 감사드려요. 하루 마무리 잘 하시고 앞으로도 쭉 함께해주세요! #StrayKids #스트레이키즈 #MIXTAPE #찬이형 #우진이형 #민호형 #창빈이형 #현진이 #지성이 #필릭스 #나 #정인이 #999999999 #9아홉개 #헤헤

A post shared by Stray Kids (@realstraykids) on

  • မတ်လ၂၈ရက်မှာ တော့ `Hoya(Lee Ho Won)´ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် သူဖန်တီးထားတဲ့ Mini Album လေးဖြစ်တဲ့ `Shower´ နဲ့အတူ Solo Debut လုပ်ဖို့အတွက် အစီစဉ်ရှိနေပါတယ်။ သူကတော့ `Angle´ ဆိုတဲ့သီချင်းလေးနဲ့လူသိများနေတဲ့အဆိုတော်တစ်ဦးပါ။

  • မတ်လ၂၈ရက်နေ့မှာပဲ `Samuel´ ကသူ့ရဲ့ ဒုတိယမြောက် Mini Album ဖြစ်တဲ့ `One´ ကိုပရိတ်သတ်ကြီးဆီ ချပြဖို့ပြောလာခဲ့ပါတယ်။

A post shared by Samuel 사무엘 (@bravpunxh) on

  • မတ်လ၂၉ရက်နေ့မှာတော့ `Jung Joon Young´ က ´Fiancèe´ ဆိုတဲ့သူ့ရဲ့ Solo Single အသစ်လေးကိုထုတ်ဝေမှာပဲဖြစ်ပါတယ်။

  • `TVXQ´ အဖွဲ့ကတော့ မတ်လထဲမှာပဲ Comeback လုပ်မယ်လို့ကြေညာထားပေမယ့် ရက်အတိအကျတော့မသတ်မှတ်ရသေးဘူးလို့ဆိုပါတယ်။

A post shared by @yunho2154 on

  • `DreamCatcher´ အဖွဲ့လေးကတော့ ဒီနှစ်အစောပိုင်းမှာ ပရိတ်သတ်ကြီးနဲ့စင်မြင့်အထက်မှာပြန်လည်တွေ့ဆုံကြမယ်လို့ပြောထားခဲ့ဖူးတော့ သူတို့လည်းမတ်လ လောက်မှာ Comeback အစီစဉ်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

  • `WINNER´ အဖွဲ့က လာမယ့် April လမှာသူတို့ရဲ့ New Album နဲ့အတူ Comeback လုပ်ဖို့ရှိတယ်လို့ကြေညာထားပါတယ်။

ကဲ…အခုဆိုရင် မတ်လအတွင်းမှာ Comeback လုပ်ကြမယ့် Idol တွေကိုလည်းသိရပြီဆိုတော့သူတို့ရဲ့အသစ်ထွက်ရှိလာမယ့်သီချင်းလေးတွေကို အားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *