Debuting အဖွဲ့တစ်ခုဖြစ်တဲ့ HNB ရဲ့ ပထမဦးဆုံးသောခြေလှမ်းအနေနဲ့ပြုလုပ်မယ့် Fan Meeting

HNB ဆိုတဲ့ Kpop Idol Group လေးကတော့ Happy Face Entertainment (HF Music Company) ကနေပြီး Debut လုပ်မယ့် Boy Group လေးတစ်ခုပါ။ HNB ရဲ့ အဓိပ္ပါယ်ကတော့ ‘HappyFace Next Boys’ လို့သိရပါတယ်။ ဒီ HNB အဖွဲ့မှာတော့ YG Entertainment ကပြုလုပ်ခဲ့တဲ့ MIXNINE ပြိုင်ပွဲမှာ နံပတ်တစ်နေရာရရှိခဲ့သော ပြိုင်ပွဲဝင် Woo Jin Young နဲ့ Mnet ကနေပြုလုပ်ကျင်းပတဲ့ Produce 101: Season 2 မှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Park Woo Dam တို့နှစ်ဦးနဲ့အတူ YongGeun, Hyeonsoo, WonCheol, JunHyeong, JongMin, HyeongJin, YoonCheol တို့ပါဝင်ပါတယ်။

၁၉၉၅ ခုနှစ်ဖွား Park Woo Dam နဲ့ ၁၉၉၇ ခုနှစ်ဖွား Woo Jin Young တို့နှစ်ဦးရဲ့ ပရိသတ်အင်အားကတော့ အရမ်းကိုများပြားတယ်လို့သိရပါတယ်။ MIXNINE မှာဝင်ပြိုင်ထဲက နာမည်ကြီးကျော်ကြားကြတဲ့သူတို့နှစ်ဦးက လတ်တလောမှာလည်း အရမ်းကိုခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ သူတို့နှစ်ဦးရဲ့ Instagram ကိုသွားရောက်စပ်စုရင်တော့ဖြင့် အမြဲတစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြတဲ့ သူတွေအဖြစ် ပရိသတ်ကြီးမြင်တွေ့ခွင့်ရမှာပါ။

ခုမေလထဲမှာပဲ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေနဲ့တွေ့ဆုံမယ့် Fan Meeting ကိုပြုလုပ်ပေးမှာပါတဲ့နော်။ နှုတ်ခမ်းနီမမတွေရဲ့ အသည်းစွဲ oppa တစ်ဖြစ် မောင်လေး Woo Jin Young ကတော့ သူ့ရဲ့ Sexy ဆန်ဆန် အကြည့်တွေနဲ့ ပရိသတ်ကြီးကိုဖမ်းစားဖို့ Debut လုပ်တော့မယ်ဆိုတဲ့ အကြောင်း Fan တွေကိုအသိပေးပါတယ်ရှင့်။ HNB အဖွဲ့လေးက သူတို့ရဲ့ Debut Project ရဲ့ပထမဦးဆုံးခြေလှမ်းအဖြစ် ‘HNB For Fan Meeting’ ဆိုတဲ့ပွဲလေးကို HF Music Company ကကျင်းပပြုလုပ်ပေးမယ်ဆိုတဲ့အကြောင်း သူတို့ရဲ့ Official Twitter အကောင့်မှာ ကြေညာထားခဲ့ပါတယ်။ Fan တွေက တစ်လကိုနှစ်ကြိမ် Vote လုပ်ပြီးတော့ သူတို့ တွေ့ချင်တဲ့ HNB Member တွေကို ရွေးချယ်ပေးကြမှာလို့လည်းသိရပါတယ်။

A post shared by HNB (@h_nextboys) on

အခုတစ်ခေါက်ပထမဦးဆုံးအနေနဲ့ Voting အများဆုံးရရှိခဲ့တဲ့ Woo Jin Young နဲ့ Park Woo Dam တို့က ပရိသတ်ကြီးနဲ့တွေ့ဆုံကြမှာပါ။ ‘HNB For Fan Meeting’ ဆိုတဲ့ ပွဲလေးကိုတော့ မေလ ၂၂ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၅ နာရီအချိန်မှာ ပြုလုပ်ကျင်းပသွားမယ်ဆိုပြီး HF Music Company ကနေအသိပေးလာခဲ့ပါတယ်။ ကဲ HNB Fan လေးတွေရေ Fan Meeting တဲ့ဗျို့… ။ Debut လုပ်တဲ့အချိန်မှာ အရမ်းကိုအောင်မြင်နေတဲ့ Idol တွေဖြစ်အောင် အားပေးလိုက်ကြပါဦးနော် ?။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *