Demi Lovato က သူမ Drake အကြောင်းအိပ်မက်မက်တယ်လို့ ပြောကြား

demi lovato

Wait What!??

Demi Lovato က ဒီတစ်ပတ်အစောပိုင်းတုန်းက သူမရဲ့ twitter စာမျက်နှာမှာ Drake အကြောင်းအိပ်မက်မက်တယ်လို့ ဖော်ပြခဲ့ပြီး အဲဒီအိပ်မက်အသေးစိတ်ကိုပါ ပြောကြားထားခဲ့ပါတယ်။

အဲဒီ tweet ထဲမှာ အိပ်မက်ထဲမှာ သူမရဲ့ဖိနပ်ကြိုးက ပြေလျှော့နေခဲ့တာကို Drake က ပြန်ချည်ပေးခဲ့ပါတယ်လို့ဆိုပါတယ်။ Drake က ဖိနပ်ကြိုးချည်ပေးနေရင်း သူမကို မျက်လုံးတစ်ဖက်မှိတ်ပြပြီး “God’s Plan” လို့ ပြောခဲ့ပါတယ်တဲ့။

Tweet ကတော့ အဲဒါအကုန်ပါပဲ…

မိတ်ဆွေရဲ့ခေါင်းထဲမှာ question mark တွေတန်းစီပေါ်လာပါသလား… စိတ်မပူပါနဲ့… ကမ္ဘာတစ်ဝန်းက အဲဒီ tweet ကိုဖတ်မိသူတွေလည်း ထိုနည်း၎င်းပါပဲ…

အဲဒီတော့ ဒီအိပ်မက်က ဘာကိုများဆိုလိုတာလည်း… တစ်ချို့ကတော့ Demi Lovato နဲ့ Drake တို့ရဲ့ collab များလားဆိုပြီး ထင်ကြေးပေးနေပါတယ်။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုက Drake ရဲ့ ‘God’s Plan‘ music video ကိုကြည့်ပြီး စိတ်စွဲသွားတာများလားပေါ့.. ဘာကြောင့်လည်းဆိုတော့ Drake က အဲဒီ music video ရိုက်ကူးရင်းနဲ့ မိုင်ယာမီက ဒေသခံတွေကို ဒေါ်လာ ၁ သန်းလှူခဲ့တော့ အဲဒီလိုရက်ရောတာကိုကြည့်ပြီး သဘောတွေများ ကျသွားသလားပေါ့လေ။ နောက်တစ်ခုကတော့ သူတို့နှစ်ယောက် ဘာလားဘာလားပေါ့… သိပ်မဖြစ်နိုင်ပေမယ့် ဒီလိုပဲတွေးကြည့်ရတာပေါ့လေ။ ?

ဒီအကြောင်းကို ဘာအဓိပ္ပာယ်နဲ့တင်ခဲ့တယ်ဆိုတာကို အဖြေရှာဖို့က Demi Lovato ရဲ့ခြေလှမ်းတွေကို မျက်လုံးဒေါက်ထောက်ပြီး စောင့်ကြည့်ရမယ့်အနေအထားရှိပါတယ်။ လောလောဆယ်တော့ Demi တစ်ယောက် အိပ်မက်ထဲထိတောင် သယ်သွားခဲ့ရတဲ့ Drake ရဲ့ ‘God’s Plan‘ လေးကို ကြည့်ရှုနားဆင်ကြည့်လိုက်ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *