Billboard hot 100 မှာ #1 ဖြစ်နေတဲ့ God’s Plan

Drake တစ်ယောက်တော့လုပ်ချလိုက်ပြန်ပြီနော်။ သူ့ရဲ့ နောက်ဆုံးထွက်ထားတဲ့ God’s Plan ဆိုတဲ့သီချင်းက billboard မှာ နံပါတ်တစ်ရောက်နေပြန်ပါပြီ။ ဒါပဲလားဆိုတော့ streaming အလုပ်ခံရဆုံးသီချင်းအဖြစ် မှတ်တမ်းဝင်သွားပါသေးတယ်။

ဒီ God’s Plan သီချင်းက official music video မထွက်သေးပေမယ့် Drake အတွက် အအောင်မြင်ဆုံး သီချင်းဖြစ်လာမလားလို့ ဝေဖန်သူတွေက သုံးသပ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ သူဆိုခဲ့သမျှ chart #1 မှာ ဝင်သမျှသီချင်းတွေက ဒီတစ်ပုဒ်လောက်ထိ chart မှာ ကြာကြာ မရှိခဲ့ဖူးသေးလို့ပါ။

Drake က ဒီသီချင်းအတွက် MTV ကို Miami မှာရိုက်ကူးရေးတွေလုပ်နေတာဖြစ်ပြီး Miami မှာလိုအပ်နေတဲ့ ကျောင်းတွေနဲ့ အမျိုးသမီးဌာနတွေမှာ စုစုပေါင်း $175,000 ကျော် လှူဒါန်းမှုတွေလုပ်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိ billboard မှာ Drake က God’s Plan သီချင်းနဲ့ နံပါတ်တစ်၊ Ed Sheeran က Perfect သီချင်းနဲ့ နံပါတ်နှစ်ယူထားကြပြီး Brunomars က Finesse သီချင်းနဲ့ နံပါတ်သုံးနေရာကို အသီးသီးယူထားကြပါတယ်။

Drake ရဲ့ ဟိုးလေးတကျော်ဖြစ်နေတဲ့ God’s Plan MTV လေး official ထွက်လာရင်လဲ အသိပေးဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *