သူစေ့စပ်ပြီးသွားပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ Ed Sheeran

Shape of You နဲ့ Perfect စတဲ့ နာမည်ကြီးသီချင်းတွေကိုသီဆိုခဲ့တဲ့ Grammy ဆုပိုင်ရှင် Ed Sheeran ဟာ သူစေ့စပ်ပြီးစီးသွားကြောင်းကို သူ့ရဲ့ Instagram စာမျက်နှာကနေတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Sheeran နဲ့ စေ့စပ်သွားသူကတော့ သူ့ရဲ့ငယ်သူငယ်ချင်းချစ်သူ Cheery Seaborn ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝကတည်း အတန်းဖော်သူငယ်ချင်းတွေဖြစ်ကြပြီး ၂၀၁၅ ခုနှစ်တုန်းက Taylor Swift ရဲ့ Fourth of July ပါတီမှာပြန်လည်တွေ့ဆုံပြီးနောက်မှာ တစ်ယောက်နဲ့တစ်ယောက်မျက်စိကျပြီး စတင်တွဲခုတ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ Sheeran ရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ Perfect ဟာ Seaborn ကိုရည်ရွယ်ပြီး ရေးစပ်သီဆိုထားခြင်းဖြစ်ပါတယ်။

Sheeran ရဲ့ Instagram post အရဆိုရင် သူတို့နှစ်ယောက်ဟာ နှစ်ကူးမတိုင်မှီဒီဇင်ဘာလတုန်းက စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အလွန်ပဲပျော်ရွှင်နေကြပြီး သူတို့ရဲ့ကြောင်လေးတွေကလည်း ဝမ်းသာနေကြပါတယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *